Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီခရိုင်တွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှု ကျောင်းသူနှစ်ဦးအပါအဝင် ပြည်သူ ၃၀၀ခန့်ရှိလာ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် အတွင်း စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးလျှက်ရှိရာ ဖမ်းဆီးခံရသူ ၃၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

(သာယာဝတီခရိုင်ရှိ ကျေးရွာတစ်ရွာမှ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေစစ်ဆေးနေစဥ်။ ဓာတ်ပုံ - ပေးပို့)

ကျော်ဇော/People’s Spring

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် အတွင်း စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးလျှက်ရှိရာ ဖမ်းဆီးခံရသူ ၃၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ပေါ်တာဆွဲဖမ်းဆီးမှုများတွင် မင်းလှမြို့နယ်တွင် ဒေသခံပြည်သူ ၈၀ ကျော်၊ အုတ်ဖိုမြို့နယ်တွင် ၈၀ ခန့်၊ လက်ပံတန်းမြို့နယ် ၄၀ ခန့်၊ ဇီးကုန် ၂၀ ကျော်နှင့် နတ္တလင်း ၂၅ ဦးခန့် အသီးသီးဖမ်းဆီးခံထားရပြီး မိုးညိုနှင့် သာယာဝတီမြို့နယ်များတွင်လည်း ပေါ်တာဆွဲမှုများဖြစ်ပေါ်နေသော်လည်း ဦးရေအတိအကျ မသိရသေးပေ။

အထက်ပါ ပေါ်တာဆွဲဖမ်းဆီးမှုများအနက် သြဂုတ် ၂၂ ရက်က မင်းလှမြို့နယ်၊ ရှားတောကွင်းကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက် ပေါ်တာဆွဲရာတွင် ကျောင်းသူနှစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

“သူတို့ရွာထဲကို စကစတွေက ကားနဲ့လာပြီး ပေါ်တာဝင်ဆွဲတာကို ကောင်မလေးတွေက အစ်ကိုတို့ရေ ဒီမှာပေါ်တာဆွဲနေပြီဆိုပြီး လှမ်းသတိပေးတာ။ အဲလိုသတိပေးနေချိန်မှာ နောက်ဘက်ကနေ ခြေကျင်ပတ်ဝင်လာတဲ့အဖွဲ့နဲ့တိုးပြီး သတိပေးတဲ့ကျောင်းသူနှစ်ဦးကိုပါ ဖမ်းသွားတာ”ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ဇီးကုန်းနှင့် အုတ်ဖိုမြို့နယ်များအတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူများတွင် စစ် တပ်ထောက်ခံသူများနှင့် ကြံ့ခိုင်ရေးပါတီဝင်အချို့ပါ ပါဝင်နေပြီး ပေါ်တာဆွဲခံရမည်စိုး၍ တိမ်းရှောင်နေသူများလည်းရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“အုတ်ဖိုက စစ်တပ်ထောက်ခံတဲ့ စစ်မှုထမ်း ဟောင်းရဲ့သား ပေါ်တာဆွဲခံရတာ။ သူ့သားကိုပြန်လွတ်ပေးစေချင်ရင် ထွေအုပ်မှာ ကင်းစောင့်ရမယ်ဆိုလို့ စစ်တပ်ဗိုလ်ကပြောလို့ သွားစောင့်ပေးတာတောင် ပြန်မလွတ်ပေးလို့ သူ့အဖေပေါက်ကွဲနေတယ်”ဟု ၎င်းဒေသခံက ရှင်းပြသည်။

ပေါ်တာဆွဲခံလိုက်ရသည့်လူငယ်မှာ ကိုစီဖိုးဆိုသူဖြစ်ပြီး အုတ်ဖိုမြို့နယ်၊ ဥတိုကျေးရွာမှဖြစ်ကာ စစ်မှုထမ်းဟောင်း ဦးချိုတူးဆိုသူ၏သားဖြစ်ကြောင်း၊ ၎င်းမှာ တာလမ်းဘေး၌ မြစ်ရိတ်နေစဥ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံတဝှမ်းစစ်ရှုံးနိမ့်မှုမျိုးစုံဖြင့်ရင်ဆိုင်နေရရာ စစ်မှုထမ်းရန် လူငယ်များအား အတင်းအဓ္ဓမတပ်သားသစ်စုစောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကို ဆက်တိုက် လုပ်ဆောင်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သရော်စာ

ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မတော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး