Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၂ရင်းကို OFအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(မခရ ၄၃၅ ၊၄၃၆)တပ်ရင်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့၏သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ပြောသည်။

(တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း မခရ(၄၃၅)တပ်ရင်းဂိတ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

သတိုး /People’s Spring

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(မခရ ၄၃၅ ၊၄၃၆)တပ်ရင်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့၏သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ပြောသည်။

“ကျွန်တော်တို့ နှစ်လုံးခွဲခဲ့တာဗျ။ မိန်းလမ်းမနဲ့ ဂိတ်နဲ့က ဝေးတော့ ပထမတစ်လုံးကို ခွဲပြီး ပေါက်ကွဲမှုကို လာကြည့်တော့မှ နောက်တစ်လုံးနဲ့ခွဲတာဗျ” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ခိုက်မှုကို ‌ဩဂုတ် ၂၆ ရက် ည ၇နာရီကျော်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

“စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။”ဟု OFက ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တောင်ဥက္ကလာနှင့် မရမ်းကုန်းမြို့နယ်အတွင်းမှ ည ၇နာရီကျော်တွင် ပေါက်ကွဲသံနှစ်ချက်ကြားရကြောင်း ဒေသခံများက Hlaing Info သို့ သတင်းပေးပို့ထားကြောင်း ဖော်ပြထားသည်။

Operation Flame အဖွဲ့အနေဖြင့် ရန်ကုန်မြို့ရှိ မဟာမိတ်အဖွဲ့များဖြင့်ပူးပေါင်းကာ စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

၂၀၂၂ ဩဂုတ် ၁၇ရက်ကလည်း ခမရ(၄၃၅)တပ်ရှေ့ဂိတ် ဘန်ကာ၌ စစ်ကောင်စီတပ်သား တချို့ရှိနေချိန် URF(United Resistance Force)နှင့် DRF (Divine Ranger Force)တို့က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။