Connect with us

Hi, what are you looking for?

သတင်း

အသက်(၁၈)မှ (၃၅)နှစ်အတွင်းအမျိုးသားများ ကော့သောင်း- ရနောင်းဂိတ်မှ ထိုင်းထွက်ခွာခွင့် ပိတ်ပင်

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများအား စစ်ကောင်စီက ယနေ့တွင် ထွက်ခွာခွင့်ပိတ်ပင်လိုက်သည်။

ယနေ့ နံနက်က သော့ကောင်းနယ်စပ်ဂိတ်တွင် တွေ့ရသော မြင်ကွင်းများ။ ဓာတ်ပုံ - MT

ဒီးဒီ/People’s Spring

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများအား စစ်ကောင်စီက ယနေ့တွင် ထွက်ခွာခွင့်ပိတ်ပင်လိုက်သည်။

ယနေ့(စက်တင်ဘာ ၂ရက်)တွင် ကော့သောင်းမြို့မှ ရနောင်းမြို့သို့ သွားရောက်မည့် လူငယ် ၁၀၀ကျော်မှာ ထွက်ခွာခွင့်မရဘဲ တားမြစ်ခံခဲ့ရသည်ဟု ကော့ကောင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်က သော့ကောင်းနယ်စပ်ဂိတ်တွင် တွေ့ရသော မြင်ကွင်းများ။ ဓာတ်ပုံ – MT

” အမျိုးသားတွေပဲ ပိတ်တာ။ သွားလို့ မရတော့ဘူးဆိုပြီး အားလုံးလှည့်ပြန်ရတယ်။ အသက် ၃၅နှစ်အထိ သွားလို့မရဘူး ပြောတယ်”ဟု ၎င်းက ပြောသည်။

အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများအား ပြည်ပထွက်ခွာခွင့်ပိတ်ပင်မှုမှာ ယနေ့ စတင်တားမြစ်ခြင်းဖြစ်ပြီး ကနဦးနှုတ်မိန့်ဖြင့် နေပြည်တော်မှ လှမ်းပြောခြင်းဖြစ်ကာ တရားဝင်စာ မရောက်သေးဟု ကြားသိရကြောင်း အဆိုပါ ဒေသခံက ပြောသည်။

” စစ်မှုထမ်း ဥပဒေကြောင့်ပိတ်တာ။ ဒါပေမယ့် သူတို့ကတော့ မျောက်ကျောက်ရောဂါ အကြောင်းပြထားတယ်”ဟု ၎င်းက ပြောသည်။

သို့သော် နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့် သွားရောက်သူများသာ ပိတ်ပင်ခြင်းဖြစ်ပြီး ပတ်စပို့စာအုပ်ဖြင့် သွားရောက်သူများမှာ ထွက်ခွာ၍ရကြောင်း ဒေသခံက ပြောသည်။

ကော့သောင်းမြို့မှ ရနောင်းမြို့သို့ နယ်စပ်ဖြတ်ကျော်ထွက်ခွာခွင့်ကို စက်တင်ဘာ၁ရက်အထိ ရရှိနေပြီး ယနေ့မှသာ စတင်ပိတ်ပင်ခြင်းဖြစ်သည်။

စစ်ကောင်စီက ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်ပင်မှုကြောင့် တရားမဝင်နည်းလမ်းဖြင့် သွားလာမှုများ ပိုများလာမည်ဟု ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

ယနေ့ နံနက်က သော့ကောင်းနယ်စပ်ဂိတ်တွင် တွေ့ရသော မြင်ကွင်းများ။ ဓာတ်ပုံ – MT

“စစ်မှုထမ်းဥပဒေကြောင့် ပိတ်တာလို့ ယူဆရတယ်။ တခြားဂိတ်တွေပါ ပိတ်လာနိုင်တယ်လို့ ယူဆရတယ်။ ဒီလိုလုပ်ခြင်းဟာ မြန်မာလူငယ်တွေ တရားမဝင်နည်းလမ်းနဲ့ နယ်စပ်ဖြတ်ကျော်ဖို့အတွက် တွန်းအားပေးသလိုဖြစ်တယ်။ နောက်ပြီး လူကုန်ကူးမှုတွေ ပိုများလာမယ်”ဟု ဦးထူးချစ်က ပြောသည်။

မြန်မာ နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ နယ်စပ်မှတဆင့် ထွက်ခွာမှုမှာ ကော့သောင်း – ရနောင်းဂိတ်၊ မြဝတီ – မဲဆောက်ဂိတ်နှင့် တာချီလိတ် – မယ်ဆိုင်ဂိတ်ဟူ တရားဝင် သွားလာနိုင်သည့် နယ်စပ်ဂိတ် သုံးဂိတ်ရှိသည်။ သို့သော် ယနေ့ ကော့သောင်း – ရနောင်းဂိတ်တစ်ခုသာ ထွက်ခွင့် ပိတ်ပင်ထားသည်ဟု သတင်းရရှိသည်။

အဆိုပါနယ်စပ်ဂိတ်မှ နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် မြန်မာလုပ်သားများအား ထိုင်းနိုင်ငံသို့ တရားဝင်စေလွှတ်ပေးပို့နေသော နယ်စပ်ဂိတ်လည်းဖြစ်သည်။

ထို့အပြင် ဒေသခံများမှာလည်း ရနောင်းမြို့သို့နေ့ချင်းပြန် သွားရောက်လုပ်ကိုင်ကြသူများရှိသလို ရက်တစ်ပတ်ကတ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင် လည်ပတ်ကြသူများလည်း ရှိသည်။

အဆိုပါ နယ်စပ်ဂိတ်မှ တစ်ရက် ပျမ်းမျှ လူဦးရေ ၅၀၀ခန့် ဝင်၊ထွက်နေသည်ဟု သိရသည်။

စစ်ကောင်စီသည် ပြည်ပနိုင်ငံများအား ထွက်ခွာမှုကို တားမြစ်ပိတ်ပင်မှုများ ပြုလုပ်နေရာ ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့် အလည်အပတ်အမျိုးအစား ပတ်စပို့(PV)များကိုလည်း ကန့်သတ်၍ ထွက်ခွာခွင့် ပိတ်ပင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မနေ့ဧပြီ ၁၆ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်က ကော့သောင်းခရိုင် ၊ခမောက်ကြီးမြို့နယ်ခွဲ ထဲမှာ ရှိတဲ့ ဆိတ်ဖူးရွာမှာ ပစ်ခတ်မှုဖြစ်တာပါ။