Connect with us

Hi, what are you looking for?

သတင်း

ကော့သောင်းတွင် သန်းခေါင်စာရင်းကောက်ပြီးအောင်ပွဲခံနေသည့် အုပ်ကြီးအဖွဲ့တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် အောင်ပွဲခံနေသည့် စစ်ကောင်စီလက်အောက်ခံ ပျူ‌စောထီးအဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများပါဝင်သည့်အဖွဲ့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကော့သောင်းမြို့၌ သန်းခေါင်စာရင်းကောက်ယူနေသော စစ်ကောင်စီအဖွဲ့များအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် အောင်ပွဲခံနေသည့် စစ်ကောင်စီလက်အောက်ခံ ပျူ‌စောထီးအဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများပါဝင်သည့်အဖွဲ့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၅ ရက်)ည ၈ နာရီခန့်က ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ ၁၉ မိုင်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ သန်းခေါင်စာရင်း ကောက်ယူခြင်းကိစ္စ အောင်မြင်သည့်အထိမ်းအမှတ် အောင်ပွဲခံပြီး သောက်စားပျော်ပါးနေစဥ် ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်များက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဝင်ရောက်စီနင်းမှုတွင် စစ်ကောင်စီလက် အောက်ခံ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ် နှင်းရေးအဖွဲ့မှ ပျူစောထီးနောင်နီနှင့် ဘဦးတို့နှစ်ဦးသေဆုံးသွားပြီး ကျန်ပျူစောထီးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက် သွားကြောင်း ကော့သောင်း ပကဖက အသိပေးသည်။

“(သန်းခေါင်)စာရင်းကောက်ချိန်မှာ စကစ အင်အား ၁၅၀ လောက်နဲ့ ပျူနဲ့ပေါင်းပြီး လုံခြုံရေးတွေ ကင်းပုန်းတွေ အထပ်ထပ်ချထားပါတယ်။ စာရင်းကိုတော့ လူမရှိတဲ့အိမ်ကျော်ပြိီး လူရှိတဲ့အိမ်မှာ အိမ်ထောင်စုစာရင်းတောင်းပြီး သူတို့လိုအပ်သလိုဖြည့်ပြိီး မြန်မြန်ဆန်ဆန် ကပြာကယာကောက်ပြီး ကောက်ကြပါတယ်။ မြို့ပေါ်နဲ့ မလိဝမ်းဒေသ စခတပ်တွေနဲ့ နီးစပ်တဲ့နေရာလောက်ပဲ ကောက်နိုင်ကြတာပါ”ဟု သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေကို ကော့သောင်း ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ သန်းခေါင်စာရင်းကောက်ယူမှုတွင်ပါဝင်သည့်အဖွဲ့များအား ဝင်ရောက်စီး နင်းချိန်တွင် ၎င်းတို့နှင့်အတူ လက်နက်များပါမလာခြင်းကြောင့် ပျူစောထီးနှစ်ဦးကိုသာ အသေရမိခဲ့သော်လည်း လက်နက်ခဲယမ်းသိမ်းဆည်းရမိခြင်းမရှိခဲ့ဟု ပကဖတာဝန်ရှိသူက ဆက်ပြောသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းကိစ္စအပါအဝင် သန်းခေါင်စာရင်းကောက်ယူခြင်းကိစ္စရပ်များကို ကန့်ကွက်ကြောင်း၊ ၎င်းကိစ္စရပ်များ၌ ပါဝင်ခြင်းမပြုကြဖို့ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသောကြောင့် အထက်ပါကဲ့သို့ တိုက်ခိုက်မှုလုပ်ဆောင် ခြင်းဟု အသိပေးထားသည်။

ထို့အပြင် ပြည်သူနှင့် မပူးပေါင်းသည့် စစ်ကောင်စီလက်အောက်ခံ သတင်းပေးသူလျှိုများ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် စစ်တပ်ထောက်တိုင်များကို လုပ်ထုံးလုပ်နည်းများအတိုင်း အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် စစ်ကောင်စီတပ်သားကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ် ခရိုင်အမှတ်(၁)တပ်ရင်းက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။