Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဂူဒေသတိုက်ပွဲအထိနာသည့်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာဟု ဓနုတပ် DPLAပြော

လေကြောင်းတိုက်ခိုက်၍ ဒေသခံသက်ကြီးရွယ်အိုတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦး ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - DPLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အထိနာပြီးနောက် စစ်ကောင်စီက ဒေသတွင်းသို့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLA) ပြောရေးဆိုခွင့် ရှိသူ ကိုအမောင်က ပြောသည်။

ဩဂုတ် ၈ရက်က ကျောက်ဂူတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၉ဦးသေဆုံးကာ ၈ဦး အရှင်ဖမ်းမိပြီး လက်နက် ၁၉လက် သိမ်းရခဲ့ဟု DPLAက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ကြီးရမ်းသမ်းပစ်တာက နေ့တိုင်းနီးပါးပဲဗျ။ ဒီတစ်ခေါက်ကတော့ လေကြောင်းတိုက်ခိုက်ပြီး လူ‌နဲ့ အဆောက်အဦးထိခိုက်မှုတွေရှိတာပါ”ဟု ကိုအမောင်က ပြောသည်။

စစ်ကောင်စီသည် ယနေ့ (စက်တင်ဘာ ၃ရက်) နံနက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျောက်ဂူတိုက်နယ် ဝါးပြားကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ခိုက်မှုအတွင်း အသက်(၆၀)အရွယ်

သက်ကြီးရွယ်အိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦးအပါအဝင်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ဟု DPLF/DPLAက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေထိုင်ရာကျေးရွာများကို ခွဲခြားခြင်းမရှိဘဲ သိမ်းကြုံးတိုက်ခိုက်ပြီး စစ်ရာဇဝတ်များ ဆက်တိုက်ကျူးလွန်‌လျက်ရှိနေသည်ဟု ဖော်ပြထားသည်။

DPLAသည် ရှမ်းမြောက်တိုက်ပွဲတွင်တအာင်းတပ်(TNLA) အပါအဝင် တော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေး၌ ပါဝင်ဆင်နွှဲခဲ့သည်။ လက်ရှိတွင် DPLAအနေဖြင့် ရှမ်းတောင်၌ စစ်ကောင်စီကို တိုက်ပွဲဖော်

ဆောင်လျက်ရှိပြီး စစ်ရေးအရ နှစ်ဖက်ဆိုင်ထားသည့် အနေအထားဖြစ်ဟု DPLA ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ပြောသည်။

“ပြည်သူတွေအနေနဲ့လည်း လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာမှာ တော်လှန်ရေးအရွေ့က ကြီးကြီးမားမားရှိလာပြီဖြစ်တဲ့အတွက် ဆက်လက်ပါဝင်တော်လှန်ပေးကြဖို့ တိုက်တွန်းလိုပါတယ်ဗျ” ဟု DPLA ပြောရေးဆိုခွင့်ရှိသူပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက် လားရှိုးမြို့နယ်နမ့်ပေါင်ရွာအနီး နမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယမန်နေ့ တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆောက်အဦး အချို့ ပျက်စီးခဲ့သော်လည်း ပြည်သူ ထိခိုက်မှုမရှိကြောင်းကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။

သတင်း

အဓမ္မစုဆောင်းခံရ၍ အစောင့်စစ်သားနှစ်ဦးသတ်ပြီး KNUတပ်မဟာ(၄)ထံ ခိုလှုံလာသူ လူငယ် ၂၇ဦးအနက် ၂၂ဦးက လက်နက်ကိုင်တိုက်ပွဲပြန်ဝင်မည်

သတင်း

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပျက်စီးမှု တစ်သိန်းကျော်လာကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

Facebook