Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ကျေးရွာ ၈ရွာထက်မနည်းကို စစ်တပ်က လေးရက်အတွင်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူစောထီးရွာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေးရက်အတွင်း ခင်ဦးနှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ကျေးရွာ ၈ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ် ကျေးရွားများအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးက တွေ့ရစဥ်။ ဓာတ်ပုံ - Htoo Khant Zaw

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူစောထီးရွာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေးရက်အတွင်း ခင်ဦးနှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ကျေးရွာ ၈ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၃၁ ရက်က ခင်ဦးမြို့နယ်မြောက်ခြမ်းရှိ မဒေါင်းလှရွာပျူစောထီးစခန်းအား တော်လှန်ရေးအင်အားစုများက ထပ်မံတိုက်ခိုက်ခဲ့ရပြီးနောက် စက်တင်ဘာ ၁ရက်တွင် ကန့်ဘလူမြို့နယ်မှ ဝါသဝလက်အောက်ခံစစ်ကြောင်းနှင့် ကန့်ဘလူသကြားစက်မှစစ်ကြောင်း ပူးပေါင်းအင်အား ၁၇ဝ ခန့်သည် ခင်ဦးနယ်သို့ စစ်ကူလာခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် စက်တင်ဘာ ၂ ရက်မှစတင်ကာ ယနေ့နံနက်ပိုင်းအထိ ခင်ဦးနှင့်ကန့်ဘလူမြို့နယ်အစပ်ရှိ မဒေါင်းလှရွာဝန်းကျင်မှ ငကြိုင်းရွာ၊ အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်းခါးကုန်းရွာ၊ ပေါက်တောရွာ၊ နှဲတွင်းရွာ၊ ဆီဆုံလေးရွာတို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးနယ်အခြေပြု People’s Defense Comrade အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

“ဒီနေ့အထိ ၈ ရွာမြောက်ရှို့တာဆိုတော့ အိမ်ခြေအရေအတွက် ၁၀၀ကျော်အထိ ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒီထက်လည်း ပိုများနိုင်တယ်။”ဟု ၎င်းက ပြောသည်။

ယမန်နေ့က ပေါက်တောရွာအား မီးရှို့ဖျက်ဆီးခဲ့ရာတွင် နေအိမ်တစ်အိမ်အတွင်း ကာကွယ်ရေးအဖွဲ့များထောင်ထားခဲ့သည့်မိုင်း ပေါက်ကွဲ၍ စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“သူတို့လူတွေထိတော့ ပြန်ခေါက်သွားတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မဒေါင်းလှပျူစောထီးရွာကို တော်လှန်ရေးအင်အားစုများက သြဂုတ် ၁၇ ရက်မှစတင်ကာ တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ကလည်း မဒေါင်းလှရွာတဝိုက်အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သြဂုတ် ၁၈ ရက်မှ ၃၁ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မဒေါင်းလှပျူစောထီးကျေးရွာတိုက်ပွဲတွင် နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိပြီး ရွာတွင်းစခန်းများအားလုံး မီးလောင်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို