Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဗျူဟာကုန်းအနီး ပစ်ခတ်သံများကြားရဟု ဒေသခံများ​ပြော

KIA က သြဂုတ် ၅ ရက်တွင် သိမ်းပိုက်ခဲ့​သော ဖားကန့် လ​​မောင် စခန်းကို Google Earthတွင်​တွေ့ရမှု

မိထက်/People’s Spring

ဖားကန့်ဗျူဟာကုန်းအနီးတွင်ယနေ့(စက်တင်ဘာလ၆ရက်)နံနက် ၁၀နာရီခန့်၌ သေနတ်ပစ်ခတ်သံများထွက်ပေါ်နေ​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်ကောင်စီဗျူဟာကုန်းဘက်မှပစ်ခတ်သံ နှင့် ပေါက်ကွဲသံများထွက်ပေါ်နေခြင်းဖြစ်ပြီး ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးစားနေ​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“ကျောင်းတွေလည်း ပိတ်ပြီး အိမ်ပြန်ကြပြီ။ လူတွေလည်း သတိလေးနဲ့ နေနေကြတယ်။ တခြားရပ်ကွက် ရွေ့တာလည်း ရှိတယ်”ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီဗျုဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊PDF ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ခြင်းဟု ဒေသခံအချို့ကပြောသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဖားကန့်တွင် စက်တင်ဘာလ ၄ ရက်နေ့မှစတင်ပြီးKIA၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စစ်ရေးအခြေအနေ ဆက်လက်တင်းမာလာနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။

ထိုအပြင် ဩဂုတ် ၅ ရက်က ဖားကန့်မြို့ စစ်ကောင်စီ ဗျူဟာကုန်းအတွက် အရေးပါသည့် တောမှော် နှင့် လမောင် စစ်စခန်း ၂ခုကို KIA/KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်လိုက် သိမ်းပိုက်ခဲ့သည် KIA ၊PDF ပူးပေါင်းတပ်များသည် စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင်ကချင်ပြည်နယ်၊ ပန်ဝါမြို့ရှိ ပြည်သူ့စစ်စခန်းတခုကိုလည်း တိုက်ခိုက်သိမ်းယူလိုက်ကြောင်းသတင်းထွက်ပေါ်နေသည်။အသေးစိတ်အခြေအနေကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။