Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ဗျုဟာ ဝိုင်းခံရချိန် စစ်တပ်နဲ့ BGF ပူးပေါင်းစစ်ကြောင်း စစ်ကူပေးဖို့ ကြိုးပမ်းနေ

ကရင်ပြည်နယ်ရှိ ဖာပွန်ဗျုဟာကို ပူးပေါင်းတပ်တွေနဲ့ ဝန်းရံပိတ်ဆို့ထားချိန် စစ်ကောင်စီတပ်နဲ့ ကရင့်နယ်ခြားစောင့်တပ် (BGF) အင်အား ၁၀၀ ကျော် ဖာပွန်နယ်ထဲ စစ်ရေးလှုပ်ရှားလာတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုကပြောပါတယ်။

ဖာပွန်မြို့ကို ဧပြီလက ထိန်းချုပ်လိုက်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်ရှိ ဖာပွန်ဗျုဟာကို ပူးပေါင်းတပ်တွေနဲ့ ဝန်းရံပိတ်ဆို့ထားချိန် စစ်ကောင်စီတပ်နဲ့ ကရင့်နယ်ခြားစောင့်တပ် (BGF) အင်အား ၁၀၀ ကျော် ဖာပွန်နယ်ထဲ စစ်ရေးလှုပ်ရှားလာတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုကပြောပါတယ်။

ဖာပွန် ၊ကတိုင်တိဒေသကို စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် အင်အား ၁၀၀ ကျော်ခန့် အခုစက်တင်ဘာလ လဆန်းပိုင်းကစတင်ပြီးရောက်ရှိလာတာလို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကတိုင်တိဒေသနဲ့ဖာပွန်ဟာ မိုင် ၅၀ ခန့်ဝေးပြီး ဝိုင်းခံထားရတဲ့ ဖာပွန်ဗျုဟာဘက်ဆီစစ်ကူတက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

ကတိုင်တိ ဘက်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ BGF တပ်တွေဟာ ဖာပွန်ဗျုဟာကို ဝိုင်းထားတဲ့ KNU နဲ့ ပူးပေါင်းတွေကို စစ်ရေးအရအနှောင့်အယှက်ဖန်တီးတာလို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

” သဘောက သူတို့အဲ့လိုမျိုးလာလှုပ်ရှားပေးခြင်းအားဖြင့် ဒီဖာပွန်ဗျူဟာကို ဝိုင်းရံထားတဲ့တပ်ဖွဲ့အနေနဲ့ ဒီလူတွေလာတော့မယ်ဆိုပြီးတော့မှ စစ်ကူအနေနဲ့လာတော့မယ်ဆိုပြီးတော့ အာရုံကို အဲ့ဒီဖက်မှာလည်းရောက်သွားနိုင်အောင်ပေါ့လေ” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုကမှတ်ချက်ပေးပါတယ်။

ကတိုင်တိကျေးရွာမှာ BGF ရဲ့ အမှတ် (၁၀၁၃) တပ်ရင်းရှိနေတယ်လို့လည်းသိရပါတယ်။

ကတိုင်တိဘက်ကနေ ဖာပွန်ဘက်ဆီ စစ်ကူတက်လာဆိုရင်တော့ တိုက်ပွဲတွေ ဖြစ်နိုင်တယ်လို့ KNU တပ်မဟာ (၅ ) ပြောရေးဆိုခွင့်ရှိသူက တွက်ဆထားပါတယ်။

ဖာပွန်မှာ ကျန်ရှိနေတဲ့ အခြေချစစ်ဗျုဟာ ၊ အမှတ် (၃၄၀) နဲ့ (၃၄၁) ခြေမြန်တပ်ရင်းတွေကို KNU နဲ့ ပူးပေါင်းတပ်တွေဟာ မိုးတွင်းကာလမှာ ထိုးစစ်ဆင်တာမရှိပေမ​ယ့် အဲဒီတပ်စခန်းတွေရဲ့ အဝင်အထွက်လမ်း ကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

အဲဒီလို ဖြတ်တောက်ပိတ်ဆို့မှုတွေကြောင့် မြေပြင်ကနေ စစ်ကူစစ်ကြောင်းတွေ စစ်ကောင်စီက မလွှတ်နိုင်တော့သလို ရိက္ခာခဲယမ်းတွေကိုလည်း လေကြောင်းကနေ ချပေးနေရပါတယ်။

ထိုင်းနယ်စပ်နဲ့ ထိစပ်နေတဲ့ ဖာပွန်ဒေသမှာ စစ်ကောင်စီက အခြေချ စစ်ဗျုဟာတစ်ခု တပ်တည်ထားသလို အမှတ် (၁၉) ခြေလျင်တပ်ရင်း ၊ အမှတ် (၃၄၀)၊ (၃၄၁) နဲ့ (၄၃၄) ခြေမြန်တပ်ရင်းတွေ ရှိပါတယ်။

အဲဒီတပ်တွေထဲက ခလရ (၁၉) နဲ့ ခမရ (၄၃၄) တပ်ရင်းတွေကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ဧပြီလအတွင်း သိမ်းယူနိုင်ခဲ့ပါတယ်။

ကျန်ရှိနေတဲ့တပ်တွေဟာ ဖာပွန်မြို့ပြင်မှာရှိတာဖြစ်ပြီး ဖာပွန်မြို့ပေါ်ကိုလည်းKNU ကထိန်းချုပ်ထားနိုင်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။