Connect with us

Hi, what are you looking for?

သတင်း

ပလမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့နယ်ခွဲတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့နယ်ခွဲတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပလမြို့ ချောင်းဝနှင့် ကျောက္ကာကျေးရွာဘက် ရေကြောင်းမှဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများသည် ပလရဲစခန်းအပါအဝင် ခုနစ်နေရာခန့်၌ ဖြန့်ခွဲနေရာယူထားပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“သူတို့ အင်အားကတော့ ထပ်တိုးထားတယ်။ အင်အား ၂၀၀ ကျော်လောက်နဲ့ ပလမြို့ကို ကာထားတာပေါ့။ ကာပြီးတော့ လူတွေကို လိုက်ဖမ်းနေတယ်။ ဒီကောင်တွေ စစ်မှုထမ်းဖို့ လူလိုလို့လားမသိဘူး လိုက်ဖမ်းနေတာ။ သူတို့က ရှေ့ဆက်မတိုးသေးဘူး၊ ကျနော်တို့လူတွေကလည်း ဆုတ်မပေးဘူး။ နှစ်ဖက်စစ်ဆိုင်ထားတဲ့ အနအထားပေါ့”ဟု ပလမြို့ပေါ် စစ်ရေးအခြေအနေကို ပုလော(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁ ရက်ကစပြီး ပလမြို့သို့ ရေကြောင်းမှတဆင့် အင်အားဖြည့်တင်းလျှက်ရှိရာ လှေအကြီး၊အသေး ငါးစီးထက်မနည်းရောက်ရှိထားပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ မကြာခဏ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများလုက်ဆောင်လျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့က ၇ နေရာ၊ ၈ နေရာလောက် ခွဲပြီးတော့နေတဲ့အခါကျတော့ ဒရုန်းက တစ်စီးနှစ်စီးထဲနဲ့ လိုက်ချလို့ မလောက်ဘူးဖြစ်နေတာပေါ့။ ပြီးတော့ ဒီရက်ပိုင်းမိုးကရွာတော့ ဒရုန်းချတာ နားနားနေနေရတယ်”ဟု တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး ပုလော(ပကဖ)မှ တာဝန်ရှိသူက အသိပေးသည်။

အထက်ပါ တိုက်ခိုက်မှုများအတွင်း နှစ်ဖက်ထိခိုက်မှုရှိအခြေအနေကို မသိရသေးဘဲ လူထုနွေဦးက ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၃၀ ဦးထက်မနည်းကို ဖမ်းဆီး၍ ပလရဲစခန်းအတွင်း ထိန်းသိမ်းထားပြီး ၎င်းပြည်သူများကို လူသားတံတိုင်းအဖြစ်အသုံးပြု၍ စခန်းအပြင်သို့ထွက်လာမည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာနိုင်ခြေရှိသည့်လမ်းပိုင်းများကို ပိတ်ဆို့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။