Connect with us

Hi, what are you looking for?

သတင်း

ပလမြို့ လေးရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာဟု ပကဖပြော

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုပြန်ဆုတ်သွားစဥ် ဒဏ်ရာရသူများကိုပါ ရေကြောင်းမှတဆင့် ပုလောမြို့ဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ပုလောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်အထိုင်ချတပ်စွဲထားသည့် ပလမြို့ရဲစခန်းဝန်းကျင်ကို ဝေဟင်မှ တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုပြန်ဆုတ်သွားစဥ် ဒဏ်ရာရသူများကိုပါ ရေကြောင်းမှတဆင့် ပုလောမြို့ဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ပုလောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ အင်အား ၂၀၀ခန့်သည် စက်တင်ဘာ ၁ ရက်မှစပြီး ပလမြို့ရဲစခန်းနှင့်မြို့ပေါ်နေရာအချို့၌ ဝင်ရောက်တပ်စွဲထားရာ ယမန်နေ့အထိ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားကာ ယမန်နေ့ (စက်တင်ဘာ ၇ ရက်)နေ့လယ် ၁ နာရီခွဲခန့်တွင် စက်လှေနှစ်စီးဖြင့် ဒဏ်ရာရစစ်သားများ ပြန်ခေါ်ထုတ်သွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ရေလမ်းကနေ ပုလောဘက် သယ်သွားတာဗျ။ လှေက နှစ်စီး၊ တပ်မိသားစုတွေရောပါ သွားတယ် လှေမှာ”ဟု ပုလော(ပကဖ)မှ တာ ဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ဒဏ်ရာရသူများနှင့် တပ်မိသားစုများအား စက်လှေဖြင့်ခေါ်ထုတ်စဥ် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးပေ။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ အင်အား ၁၅၀ခန့်သည် ပလမြို့ရဲစခန်း၊ မြို့ပေါ်ရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများအပါအဝင် နေရာခုနစ်နေရာထက်မနည်း ဖြန့်ကျက်နေရာယူထားကြောင်း စုံစမ်းသိရသည်။

မဆိုပါ စစ်ကောင်စီတပ်သားများသည် မြို့ပေါ်၌ကျန်နေခဲ့သော ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးနေသည့်အပြင် ယမန်နေ့ကနှင့် ယ နေ့(စက်တင်ဘာ ၈)နှစ်ရက်အတွင်း မြို့ တွင်းမှ ပြည်သူပိုင်နေအိမ်များကို ချိုးဖျက်ဖောက် ထွင်း၍ တန်ဖိုးရှိပစ္စည်းများကို ခိုးယူမှုများရှိနေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

“အဲအိမ်တွေကို ​ခွေးတွေက ဖောက်ပြီး ပစ္စည်းတွေ ယူတာမျိုးတွေရှိတယ်။ ပြီးတော့ ကြက်တွေ၊ ဝက်တွေ”ဟု စစ်ကောင်စီတပ် သားများဖောက်ထွင်းခိုးယူနေပုံကို ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လတ်တလောတွင် ပလမြို့တွင် မြို့ပေါ်တိုက် ပွဲဖြစ်ပွားနေခြင်းကြောင့် မြို့ပေါ်၌ ပြည်သူ ၃ ပုံ ၁ ပုံခန့်သာ ကျန်တော့ပြီး ပြည်သူအများစုမှာ နေအိမ်နှင့် စျေးဆိုင်ခန်းများပိတ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ယနေ့(စက်တင်ဘာ ၈)တွင် နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ဆိုင်ထားဆဲဖြစ်ကာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်များဖြင့် ကြိုကြားကြိုကြား ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။