Connect with us

Hi, what are you looking for?

သတင်း

ကြို့ပင်ကောက်တွင် စစ်တပ်နှင့် ပျူပူးပေါင်းစခန်းကို PDFများ ဝင်ရောက်တိုက်ခိုက်

စစ်တပ်ဘက်မှအနည်းဆုံး ခုနစ်ဦးသေပြီး ထိခိုက်သူများလည်းရှိဟုတာဝန်ရှိသူ​ပြော

စစ်တပ်နှင့် ပျူစခန်းအား ဝင်ရောက်တိုက်ခိုက်ပြီး ​နောက် ပြန်လာသည့် Yoma GBK PDF မှ ရဲဘော်များကို တွေ့ရစဥ်။ ဓါတ်ပုံ- ပေးပို့

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့အထိုင်ချတပ်စွဲထားသည့်နေရာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၁)Yoma GBK PDF မှ တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

စက်တင်ဘာ ၇ ရက်နေ့နံနက် ၅ နာရီခန့်က ကြိုပင်ကောက်နယ်၊ ကွင်းချောင်းကျေးရွာရှိ ပျူစောထီး ၁၅ ဦးနှင့် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်တပ်စွဲထားသော ပျူခေါင်းဆောင်နှင့် အုပ်ကြီးစိုးမင်း၏နေအိမ်အား ဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်ချိန် ၂ နာရီခွဲခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်သား ၄ဦးနှင့် ပျူစောထီး ၃ ဦးပေါင်း ၇ ဦသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်းတပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၁)မှ တပ်ခွဲမှူး ရဲဘော်ကရင်လေးက ပြောသည်။

Public Service Announcement

Public Service Announcement

“နာရေးကား ၂ စီးလာသွားတယ်။ အလောင်း တွေ တင်သွားတာတွေ့တယ်လို့ (ဒေသခံပြည်သူ)ပြောတယ်ဗျ။ မြို့ပေါ်ကိုမေးကြည့်တော့လည်း နာရေးကား ၂ စီးပြန်လာတယ်ပြောတယ်။ (ပြည်သူများမှ)အကုန်လုံး ၁၂ ယောက်လောက်ရှိမယ်လို့ ပြောတယ်။ ကျနော်တို့က သိပ်ပြီးမတိကျမှာစိုးလို့ (မျက်မြင်အတည်ပြုနိုင်ခဲ့တဲ့) ၇ ဦးပဲထည့်ထားတာ”ဟု ၎င်းက ဆက်ပြောသည်။

ကွင်းချောင်းကျေးရွာသည် ကြို့ပင်ကောက်မြို့နယ်တွင် ပျူစောထီးအင်အားကောင်းသည့်ရွာဖြစ်ပြီး မြို့ပေါ်နှင့် သုံးရွာခန့်သာဝေးသည့်ကျေးရွာတစ်ရွာလည်း ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်မှအင်အား ၂၀ ကျော်သည် ကွင်းချောင်းကျေးရွာ၌ သွား ရောက်တပ်စွဲထားပြီး စစ်မှုထမ်းကိစ္စအပါ အဝင် ဒေသခံပြည်သူများအား ခြိမ်းခြောက်ငွေကောက်ခြင်း၊ အမျိုးသမီးငယ်အချို့ကို ကာအိန္ဒြေပျက်ပြားစေရန် ကြံရွယ်လုပ် ဆောင်မှုများအပြင် အဓမ္မပြုကျင့်မှုကိုပါ ကျူးလွန်နေကြောင်း တိုင်ကြားစာလက်ခံရရှိထားသည်ဟု တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၁)က အသိပေးသည်။

ထို့ကြောင့် ယခုစစ်ရေးတိုက်ခိုက်မှုကို လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီးတိုက်ခိုက်ခံရပြီးနောက်တစ်ရက်စက်တင်ဘာ ၈ ရက်တွင် ကွင်းချောင်းရွာသို့ စစ်ကားနှစ်စီးရောက်ရှိလာသည့်အပြင် တိုက်ပွဲဖြစ်ခဲ့သည်နေရာများကိုဒေသခံပြည်သူများအားခေါ်ယူ၍ရှင်းလင်းရေးလုပ်ဆောင်ခိုင်းကြောင်းစုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။