Connect with us

Hi, what are you looking for?

သတင်း

လူမှု​ကူညီ​ရေးအဖွဲ့များ၏ ဆန်ကား ၁၁စီး ပူတာအိုသို့ရောက်ရှိပြီး ဒေသခံများအားမျှဝေ​​ရောင်း​ပေး

လူမှုကူညီရေးအဖွဲ့များဦးဆောင်ပြီး မြစ်ကြီးနားမြို့မှ ကား ၁၁ စီးဖြင့် သယ်ဆောင်လာသော ဆန်အိတ်များ ပူတာအိုမြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံများအား မျှဝေရောင်းချခဲ့သည်။

ပူတာအို​ဒေသခံများကိုဆန်များ မျှ​ဝေရောင်းချပေးနေစဉ်။ ဓါတ်ပုံ- BGV

မိထက်/People’s Spring

လူမှုကူညီရေးအဖွဲ့များဦးဆောင်ပြီး မြစ်ကြီးနားမြို့မှ ကား ၁၁ စီးဖြင့် သယ်ဆောင်လာသော ဆန်အိတ်များ ပူတာအိုမြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံများအား မျှဝေရောင်းချခဲ့သည်။

ဆန်အိတ် စုစုပေါင်း ၈၀၀ခန့်သည် ပူတာအိုမြို့သို့ စက်တင်ဘာလ ၇ ရက်က ရောက်ရှိလာခြင်းဖြစ်ပြီး စက်တင်ဘာလ ၈ ရက် နှင့် ၉ ရက်တွင် ဒေသခံများအား မျှဝေရောင်းချခဲ့ခြင်းဖြစ်သည်။ သို့သော် လောက်ငမှုမရှိဘဲ လိုအပ်ချက်များရှိနေဆဲဟု လူမှုကူညီရေးအဖွဲ့များကပြောသည်။

ပူတာအို​ဒေသခံများကိုဆန်များ မျှ​ဝေရောင်းချပေးနေစဉ်။ ဓါတ်ပုံ- BGV

“မလောက်ငပါဘူး။ဆန်လိုအပ်ချက်ကိုအလုံအလောက် မပေးနိုင်ဘူး ဖြစ်နေတယ်။ဆန်အပါအဝင်စားသောက်ကုန်တွေအားလုံးအတွက် အခက်အခဲတွေ ရှိနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပူတာအိုခရိုင်အတွင်း မိုးရာသီကာလလမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် မြစ်ကြီးနားနှင့်ပူတာအိုမြို့ကြား မြို့နယ်အချို့တွင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် နောင်မွန်၊ခေါင်လန်ဖူး၊ပန်နန်းဒင်၊မချမ်းဘော့နှင့် ပူတာအိုမြို့တို့တွင် ဆန်ပြတ်လပ်နေပြီး ဒေသခံများ အခက်အခဲကြုံတွေ့နေရသည်။

ပူတာအိုမြို့ပေါ်တွင် ဆန်ကြမ်းတစ်အိတ် ကျပ် ၅သိန်း၊ ဆီတစ်လီတာတစ်ဗူး ၂ သောင်းကျပ်အထိ ဈေးပေါက်နေကြောင်း သတင်းရရှိသည်။

ပူတာအိုခရိုင်သည် လမ်းပန်းဆက်သွယ်ရွေးခက်ခဲသည့်ဒေသဖြစ်၍ ကုန်စျေးနှုန်းများမှာ ယခင်ကတည်းကပင် ပုံမှန်ထက်မြင့်တက်သည့် ဒေသဖြစ်သည်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် ဒေသတွင်းစားနပ်ရိက္ခာအခက်အခဲပိုမိုဆိုးရွားသွားပြီး ဒေသခံများသည် လူမှုကူညီရေးအဖွဲ့များ၏ အကူအညီကိုမျှော်လင့်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်၊မန်စေခွန်ကျေးရွာအပါအဝင်​ကျေးရွာအချို့မှာ မိုးသည်းထန်ပြီး တောင်ကျရေ​တွေနဲ့အတူ ပါလာတဲ့တဲ့သဲမြေတွေ၊ရွှံနွံ​တွေ ဖုံးလွမ်းသွားတဲ့အတွက် စပါးစိုက်ခင်းတွေ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ပူတာအိုမြို့အခြေစိုက် ခြေလျင် တပ်ရင်း (ခလရ ၁၃၈ )ကိုပို့မည့် ဆီပေပါအလုံး ၅၀ ကို သိမ်းဆည်းရရှိကြောင်း PDF ပူတာအို က ယနေ့ ထုတ်ပြန်သည်။

သတင်း

ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေ၍ ရေဘေး သတိပေးထား

သတင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မှုံယိုနေသည့် ဆင်ထီးတစ်ကောင်က နင်းမိ၍ မွေးကင်းစကလေးငယ်အပါအဝင် လူငါးဦးသေဆုံးခဲ့ပြီး ဆင်လည်း လွတ်မြောက်နေဆဲဖြစ်သည်။