Connect with us

Hi, what are you looking for?

သတင်း

လူမှု​ကူညီ​ရေးအဖွဲ့များ၏ ဆန်ကား ၁၁စီး ပူတာအိုသို့ရောက်ရှိပြီး ဒေသခံများအားမျှဝေ​​ရောင်း​ပေး

လူမှုကူညီရေးအဖွဲ့များဦးဆောင်ပြီး မြစ်ကြီးနားမြို့မှ ကား ၁၁ စီးဖြင့် သယ်ဆောင်လာသော ဆန်အိတ်များ ပူတာအိုမြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံများအား မျှဝေရောင်းချခဲ့သည်။

ပူတာအို​ဒေသခံများကိုဆန်များ မျှ​ဝေရောင်းချပေးနေစဉ်။ ဓါတ်ပုံ- BGV

မိထက်/People’s Spring

လူမှုကူညီရေးအဖွဲ့များဦးဆောင်ပြီး မြစ်ကြီးနားမြို့မှ ကား ၁၁ စီးဖြင့် သယ်ဆောင်လာသော ဆန်အိတ်များ ပူတာအိုမြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံများအား မျှဝေရောင်းချခဲ့သည်။

ဆန်အိတ် စုစုပေါင်း ၈၀၀ခန့်သည် ပူတာအိုမြို့သို့ စက်တင်ဘာလ ၇ ရက်က ရောက်ရှိလာခြင်းဖြစ်ပြီး စက်တင်ဘာလ ၈ ရက် နှင့် ၉ ရက်တွင် ဒေသခံများအား မျှဝေရောင်းချခဲ့ခြင်းဖြစ်သည်။ သို့သော် လောက်ငမှုမရှိဘဲ လိုအပ်ချက်များရှိနေဆဲဟု လူမှုကူညီရေးအဖွဲ့များကပြောသည်။

ပူတာအို​ဒေသခံများကိုဆန်များ မျှ​ဝေရောင်းချပေးနေစဉ်။ ဓါတ်ပုံ- BGV

“မလောက်ငပါဘူး။ဆန်လိုအပ်ချက်ကိုအလုံအလောက် မပေးနိုင်ဘူး ဖြစ်နေတယ်။ဆန်အပါအဝင်စားသောက်ကုန်တွေအားလုံးအတွက် အခက်အခဲတွေ ရှိနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပူတာအိုခရိုင်အတွင်း မိုးရာသီကာလလမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် မြစ်ကြီးနားနှင့်ပူတာအိုမြို့ကြား မြို့နယ်အချို့တွင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် နောင်မွန်၊ခေါင်လန်ဖူး၊ပန်နန်းဒင်၊မချမ်းဘော့နှင့် ပူတာအိုမြို့တို့တွင် ဆန်ပြတ်လပ်နေပြီး ဒေသခံများ အခက်အခဲကြုံတွေ့နေရသည်။

ပူတာအိုမြို့ပေါ်တွင် ဆန်ကြမ်းတစ်အိတ် ကျပ် ၅သိန်း၊ ဆီတစ်လီတာတစ်ဗူး ၂ သောင်းကျပ်အထိ ဈေးပေါက်နေကြောင်း သတင်းရရှိသည်။

ပူတာအိုခရိုင်သည် လမ်းပန်းဆက်သွယ်ရွေးခက်ခဲသည့်ဒေသဖြစ်၍ ကုန်စျေးနှုန်းများမှာ ယခင်ကတည်းကပင် ပုံမှန်ထက်မြင့်တက်သည့် ဒေသဖြစ်သည်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် ဒေသတွင်းစားနပ်ရိက္ခာအခက်အခဲပိုမိုဆိုးရွားသွားပြီး ဒေသခံများသည် လူမှုကူညီရေးအဖွဲ့များ၏ အကူအညီကိုမျှော်လင့်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေ၍ ရေဘေး သတိပေးထား

သတင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မှုံယိုနေသည့် ဆင်ထီးတစ်ကောင်က နင်းမိ၍ မွေးကင်းစကလေးငယ်အပါအဝင် လူငါးဦးသေဆုံးခဲ့ပြီး ဆင်လည်း လွတ်မြောက်နေဆဲဖြစ်သည်။

သတင်း

ကချင်ပြည်နယ်၊ ပူတာအိုဒေသကို မကြာမီ တိုက်ပွဲဆင်နွှဲသွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF)က ဇန်နဝါရီ ၁၆ရက်ညပိုင်းတွင် အသိပေးသည်။

သတင်း

စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး ပူတာအိုမြို့နယ် ဖတ်မာကျေးရွာနှင့် လုံဂါကုန်းကျေးရွာ များ၌ တပ်စွဲလျက်ရှိသည်ဟုသိရသည်။