Connect with us

Hi, what are you looking for?

သတင်း

သစ်ပင်လဲကျမှုကြောင့် ကမ္ဘာအေးဘုရားလမ်း ယာဉ်ပိတ်ဆို့မှုဖြစ်

ရန်ကုန်မြို့ ဗဟန်းမြို့နယ် လမ်းနီမှတ်တိုင် သစ်ပင်လဲကျ၍ ကမ္ဘာအေးဘုရားလမ်းတစ်‌လျှောက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်သည်။

ဗဟန်းမြို့နယ် လမ်းနီမှတ်တိုင် သစ်ပင်လဲကျ၍ ကမ္ဘာအေးဘုရားလမ်းတစ်‌လျှောက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေစဉ်။ ဓာတ်ပုံ - CJ

ရောင်နီ / People’s Spring

ရန်ကုန်မြို့ ဗဟန်းမြို့နယ် လမ်းနီမှတ်တိုင် သစ်ပင်လဲကျ၍ ကမ္ဘာအေးဘုရားလမ်းတစ်‌လျှောက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်သည်။

“မြန်မာပလာဇာရှေ့ လမ်းနီမှတ်တိုင်တည့်တည့် သစ်ပင်လဲ ။ ကားနှစ်စီးပိမိ။ ဒဏ်ရာရရှိသူမရှိပါ” ဟု ယင်းနေရာ၌ သွားရောက်ကူညီ‌ပေးနေသည့် ရွှေရုပ်လွှာ ပရဟိတအသင်းမှ ကိုရွှေမိုးအောင်က အသိပေးထားသည်။

စက်တင်ဘာ ၁၀ရက် နေ့လည် ၁၂ နာရီခွဲအချိန် ခတွင် သစ်ပင်လဲမှုဖြစ်ပြီး လက်ရှိအချိန်အထိယာဉ်များပိတ်နေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ရန်ကုန်မြို့တွင်း သွားလာသူများအနေဖြင့် ကမ္ဘာအေးဘုရားလမ်းကို ရှောင်သွားကြရန် ကားသမားများက အချင်းချင်းသတိပေးထားကြသည်။

“မိုးရာသီ သတိထားကြ မုန်တိုင်းရှိ မိုးများတော့ မြေပျော့ ပြီး သစ်ပင်ကြီးများ အိုဗာဝိတ် ဖြစ် အမြစ်ကကျွတ် ပြိုလဲ နိူင်ချေ များ ။ဒီအချိန် သစ်ပင်ကြီးအောက်ကားမရပ်တာအကောင်းဆုံးဘဲ။”ဟု ယာဉ်မောင်းတစ်ဦးက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့စက်တင်ဘာ ၉ရက် မနက်က သစ်ပင်လဲပြီး ကား၁စီးပေါ်ပိမိပြီး လူ ၁ဦးပိ​တ်မိနေလို့ ကယ်ဆယ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေသင့်ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ လိုက်ထရပ်ကားပေါ်ကို ကုက္ကိုပင်လဲကျတာကြောင့် ယာဉ်မောင်းသေဆုံးသွားတယ်လို့ သွားရောက်ကူညီတဲ့ ပရဟိတအသင်းတွေက အသိပေးထားပါတယ်။

Trending

Facebook