Connect with us

Hi, what are you looking for?

သတင်း

ဗဟန်းမှာ လိုက်ထရပ်ကားပေါ် သစ်ပင်လဲလို့ ယာဉ်မောင်းသေဆုံး

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ လိုက်ထရပ်ကားပေါ်ကို ကုက္ကိုပင်လဲကျတာကြောင့် ယာဉ်မောင်းသေဆုံးသွားတယ်လို့ သွားရောက်ကူညီတဲ့ ပရဟိတအသင်းတွေက အသိပေးထားပါတယ်။

ဇူလိုင်-၂၇၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ လိုက်ထရပ်ကားပေါ်ကို ကုက္ကိုပင်လဲကျတာကြောင့် ယာဉ်မောင်းသေဆုံးသွားတယ်လို့ သွားရောက်ကူညီတဲ့ ပရဟိတအသင်းတွေက အသိပေးထားပါတယ်။

“ဗဟန်းမြို့နယ်၊ဆရာစံလမ်းမပေါ်သစ်ပင်လဲပြီး Light Truck ကားပေါ်ပိ၊လမ်းပိတ်နေ ၊ယာဉ်မောင်းသေဆုံး ယာဉ်အကူအသက်ရှင်ကယ်ထုတ်နိုင်” လို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့က ရေးသားထားပါတယ်။

ဒီနေ့(ဇူလိုင်၂၇) မနက် ၁၀ နာရီခွဲလောက်က ဆရာစံလမ်းမပေါ်က ကုက္ကိုပင်ဟာ လိုက်ထရပ်ကားခေါင်းခန်းပေါ်ကို လဲကျခဲ့တာဖြစ်ပြီး ကားထဲမှာ ညပ်နေသူ ၂ဦးကို မီးသတ်တပ်ဖွဲ့ နဲ့ လူမှုကူညီရေး အဖွဲ့တွေက ကယ်ထုတ်‌ ပေးခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

သေဆုံးသူနဲ့ ဒဏ်ရာရသူကို ဗဟန်းမြို့နယ်က မေတ္တာအလင်းနဲ့ မေတ္တာစေတနာ ပရဟိတအသင်းကားတွေနဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“လူတွေပြောနေတာကြာပြီ ။ စည်ပင်ကမလုပ်တာ နှစ်တိုင်းလမ်းပေါ်အပင်တွေ ကိုင်းတွေရေဝိတ်များပီး အပင်တွေလဲ လမ်းသွားလမ်းလာတွေ မသေသင့်ဘဲသေကြရ။စိတ်ပျက်လိုက်တာ။” လို့ ပြည်သူတစ်ဦးက ဒီဖြစ်စဉ်အပေါ် မှတ်ချက်ရေးသားထားပါတယ်။

အခြားတစ်ဦးကလည်း “ယာဉ်မောင်းအတွက်စိတ်မကောင်းစရာဘယ်လောက်တောင်တိုက်ဆိုင်လဲ။ကားသာရှေ့လေးနည်းနည်းရောက်ရင်ရောက်၊ ဒါမှမဟုတ်သစ်ပင်သာလဲချိန် စက္ကန့်ပိုင်းလောက်စောရင်ယာဉ်မောင်းအသက်ရှင်ရှာမှာ”လို့ မှတ်ချက်ပြုပါတယ်။

ဒီရက်ပိုင်း ရန်ကုန်မြို့အပါအဝင် တိုင်းနဲ့ပြည်နယ်အနှံ့မှာ မိုးသက်လေပြင်းကြောင့် အပင်ကျိုးကျတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာပါ။

ဓာတ်ပုံ – အနာဂတ်အလင်းတန်း ပရဟိတအသင်း

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ ဗဟန်းမြို့နယ် လမ်းနီမှတ်တိုင် သစ်ပင်လဲကျ၍ ကမ္ဘာအေးဘုရားလမ်းတစ်‌လျှောက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်သည်။

သတင်း

ရွှေဂုံတိုင်လမ်းမပေါ် ငါးထပ်ကြီးမှတ်တိုင်အနီး၌ ဩဂုတ် ၁ရက် နေ့လယ် ၁ နာရီခန့်တွင် YBS -145 ကားပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်က ဆိုသည်။

သတင်း

အဆိုပါမြေကွက်များသည် တော်လှန်ရေး ကာလအတွင်း မြေကွက်တကွက်ကို ဒေါ်လာ ၂၈,၈၀၀ ပေးရခြင်းဖြစ်၍ မြေကွက် ၁၂၀အတွက် ဒေါ်လာ ၃သန်းခွဲခန့်ရရှိမည်ဖြစ်သည်ဟုရှယ်ယာနှင့်မြေကွက်ရောင်းချပေးသည့်ကိုယ်စားလှယ်များကပြောသည်။