Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းရန် စစ်ကောင်စီ လေ့ကျင့်ရေးကျောင်းသို့ ခေါ်ဆောင်လာသည့် လူငယ် ၂၇ဦးက အစောင့် စစ်သား ၂ဦးကို သတ်ပြီး KNU တပ်မဟာ(၄)ထံ ခိုလှုံ

ထိုင်းတွင်အလုပ်လုပ်စဉ်ဖမ်းဆီးခံရပြီးစစ်ကောင်စီထံအတင်းအကြပ်ပြန်ပို့ခံရစဉ်စစ်မှုထမ်းခိုင်းခြင်းဖြစ်

အဓမ္မစစ်သားစု​ဆောင်းခံရပြီး စစ်သားများကိုပြန်လည်ခုခံတိုက်ခိုက်၍ KNU တပ်မဟာ ၄ ထံခိုလှုံကြသူများ။ ။ ဓါတ်ပုံ-KNU

ဟန်နွေ ၊​ကျော​ဇော /Peopel’s Spring

ထိုင်းနိုင်ငံတွင် အဖမ်းခံရပြီး စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းလာသည့် လူငယ် ၂၇ဦးကို စစ်မှုထမ်းခိုင်းရန် ကြိုးပမ်းစဉ် အဆိုပါ လူငယ်များက စစ်ကောင်စီတပ်အစောင့် စစ်သား ၂ဦးကို သတ်ဖြတ်ပြီးကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) KNDO တပ်ရင်း(၇)တပ်ခွဲ(၅)ထံ လာရောက်ခိုလှုံခဲ့ကြောင်း တပ်မဟာ(၄)က သတင်းထုတ်ပြန်ထားသည်။

ကရင်ဘာသာဖြင့် ဖော်ပြထားသည့် သတင်းထုတ်ပြန်ချက်ကို KNU သတင်းရင်းမြစ်က ဘာသာပြန်ပြောပြပေးရာ လူငယ် ၂ ဦးသည် စက်တင်ဘာ ပထမပတ်တွင် KNDO တပ်ရင်း(၇)တပ်ခွဲ (၅)ထံ ရောက်ရှိလာခြင်းဖြစ်သည်ဟုသိရသည်။

“အဲဒီ လူငယ် အားလုံးပေါင်း ၂၇ ယောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင်း သူတို့ကို ဖမ်းဆီးပြီး ဗမာပြည်ကိုပြန်ပို့တယ်။ အတင်းအကြပ်ပြန်ပို့တဲ့ သဘောဆောင်ပါတယ်။ အတင်းအကြပ်ပြန်ပို့ခံရတဲ့ လူငယ် အားလုံး ၂၇ယောက်ဟာ စကစ အာ

Public Service Announcement

Public Service Announcement

ဏာပိုင်တွေဆီကို လက်လွှဲပေးလိုက်တယ်တဲ့။ အဲဒီလိုစကစ လက်ထဲကိုလွှဲအပ်ခံရတဲ့လူငယ်အားလုံးပေါင်း၂၇ယောက်ကို စကစနေပြီးတော့ တိုင်းဗဟို(၁၂)ဆီကို ပို့ပြီးတော့ အတင်းအကြပ် စစ်မှုထမ်းခိုင်းတယ်တဲ့။ တိုင်းဗဟို(၁၂)ကို ပို့ပြီးတော့စစ်မှုထမ်းခိုင်းဖို့အတွက် လမ်းမှာလှေ ၇ စီးနဲ့ အဲဒီလူငယ် ၂၇ယောက်ကို တင်ဆောင်လာတဲ့ လမ်းမှာပဲ စကစ အစောင့်နှစ်ယောက်ရှိတယ်တဲ့။အဲဒီမှာ သူတို့က အဲဒီ အစောင့်တွေကို သတ်ပြီးလွတ်မြောက်အောင်ထွက်ပြေးလာတယ်။ နောက်ဆုံးကျတော့ တပ်မဟာ(၄) KNDOတပ်ရင်း(၇)တပ်ခွဲ(၅)ဆီကိုလွတ်မြောက်ထွက်ပြေးလာတယ်လို့ပြောတယ်” ဟု KNU သတင်းရင်းမြစ်က ပြောပြသည်။

KNU တပ်မဟာ(၄)ကထုတ်ပြန်သည့် သတင်းတွင်လူငယ်များက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးထံမှ သိမ်းရခဲ့သည့် လက်နက် ၂လက်ကို ယူဆောင်လာသည်ကိုလည်းဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။

စစ်ကောင်စီ၏ အမှတ်(၁၂) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းသည် တနင်္သာရီတိုင်းပုလောမြို့နယ်အတွင်းတည်ရှိသည့် လေ့ကျင့်ရေးကျောင်းဖြစ်သည်။

“ပင်လယ်ပြင်မှာ စက်လှေတစ်စီး ပျောက်သွားတယ်ဆိုတဲ့သတင်းတော့ ကြားလိုက်ရတယ်ဗျ။ ကျန်တဲ့အသေးစိပ်တော့ မသိရဘူး။ ဖြစ်တာက ထားဝယ်နဲ့ ပုလောကြား ပုလောမြို့နယ်အပိုင်ထဲမှာ”ဟု ပု​လောမြို့နယ်မှစစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီအနေဖြင့် ဒေသအသီးသီးတွင် စစ်ရေးရှုံးနိမ့်ပြီး စစ်အင်အား များ ပြုန်းတီးနေသည့် အခြေအနေတွင် ၂၀၂၄ ​​ဖေ​ဖော်ဝါရီလမှစ၍ စစ်မှုမထမ်းမ​နေရ ဥပ​ဒေကို ပြဌာန်း၍ လူငယ်များကို အဓမ္မစု​ဆောင်း​ပြီး စစ်သင်တန်း​ပေး၍​ ရှေ့တန်းပို့​နေသလို နိုင်ငံတဝန်း ​ပေါ်တာဆွဲမှုကိုလည်းယခုလပိုင်းပိုလုပ်လာသည်။ထိုအပြင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အရွယ်အထိ အမျိုးသားများကိုပါ ပြည်သူ့လုံခြုံ​ရေး​ခေါင်းစဥ်ဖြင့် စစ်မှုထမ်းခိုင်းရန် စစ်​ကောင်စီက ကြံစည်​နေသည်။

စစ်သားသစ်အဖြစ်အဓမ္မစု​ဆောင်းပြီးစစ်သင်တန်း ရက်တိုသင်တန်း​ပေးကာ​ရှေ့တန်း​စေလွှတ်ခံရ​သောစစ်သားသစ်များ ရခိုင်ပြည်နယ် သံတွဲ ၊​မောင်​တောမြို့နယ်တိုက်ပွဲများအပါအဝင် နိုင်ငံတစ်ဝန်းတိုက်ပွဲများ၌ ​တွေ့ရများလာပြီး ​သေဆုံးမှုများ​နေ​ကြောင်း​တော်လှန်​ရေး အင်အားစုများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။