Connect with us

Hi, what are you looking for?

သတင်း

တပ်ကုန်းမြို့က ချောင်းခြားရွာ တစ်ရွာလုံးနီးပါးအစာအဆိပ်သင့်မှုဖြစ်ပွား

နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ထဲက ရေဘေးသင့် ချောင်းခြားကျေးရွာမှာ စက်တင်ဘာလ ၁၇ ရက် က အစာအဆိပ်သင့်လို့ လူ ၂၀၀ ကျော်ကို ဆေးရုံပို့လိုက်တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ထဲက ရေဘေးသင့် ချောင်းခြားကျေးရွာမှာ စက်တင်ဘာလ ၁၇ ရက် က အစာအဆိပ်သင့်လို့ လူ ၂၀၀ ကျော်ကို ဆေးရုံပို့လိုက်တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

ချောင်းခြားရွာကိုလာရောက်လှုဒါန်းတဲ့ အစားအသောက်ကို စားသောက်မိရာကနေ လူအများအပြား အစာအဆိပ်သင့်ခဲ့တာပါ။

လာရောက်လှုဒါန်းတဲ့ ဒံပေါက်ကို စားပြီးနောက် အစာအဆိပ်သင့်ကြတာလို့ ချောင်းခြားရွာခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ချောင်းခြားကျေးရွာမှာ အိမ်ခြေ၁၇၀ကျော်ရှိပြီး လူဦးရေ ၃၀၀နီးပါး အစာအဆိပ်သင့်ကာ လူ၂၀၀ကျော်ကို ဆေးရုံကိုပို့ဆောင်ထားရပါတယ်။

“ညက တစ်ညလုံးပဲ လူနာတင်ယာဥ်ကား၁၅စီးလောက်နဲ့ တောက်လျှောက်ပို့ပေးနေရတာ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

အစာအဆိပ်သင့်ကြသူတွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းအရွယ်တွေလည်းပါဝင်ကြတယ်လို့သိရပါတယ်။

အစာအဆိပ်သင့်ကြသူတွေဟာ စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့သိရပြီး ချောင်းခြားရွာက ဘုန်းကြီးကျောင်း မှာလည်း ကုသရေးစင်တာဖွင့်လှစ်ပေးထားပါတယ်။

အစာအဆိပ်သင့်တာကြောင့် မူဝေအော့အန်တွေဖြစ်ပွားပြီး ချောင်းခြားရွာ က ကယ်ဆယ်ရေးအစားအစာတွေကို ဓာတ်ခွဲစစ်ဆေးနေပါတယ်။

ချောင်းခြားကျေးရွာဟာ ရေဘေးကိုဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရတဲ့နေပြည်တော် ၊ တပ်ကုန်းမြို့နယ်က ရွာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့တာ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း(၈၀၃) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စာသင်ကျောင်းတွေမှာ အခမဲ့ကျွေးမွေးတဲ့ အစားအသောက်တွေကနေ အဆိပ်သင့်လို့ အင်ဒိုနီးရှားမှာ ကလေး ၇၀၀ နီးပါးလောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းက အခမဲ့ ကျွေးမွေးတဲ့ နေ့လယ်စာက အစာအဆိပ်အသင့်တာကြောင့် ကလေးအများစု အပါအဝင် လူပေါင်း ၃၆၀ ကျော် နာမကျန်း ဖြစ်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစာအဆိပ်သင့် ဝေဒနာ ခံစားရလို့ ရက်ပိုင်းလောက် အနားယူရမယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။