Connect with us

Hi, what are you looking for?

သတင်း

ရေဘေးရှောင်စခန်းများတွင် အစာအဆိပ်သင့်မှုများဖြစ်နေပြီး အုတ်တွင်းမြို့နယ်ရေဘေးရှောင်စခန်းတွင်လည်း လူ ၄၀ဦး အစာအဆိပ်သင့်

ရေကြီးနစ်မြုပ်နေသည့်ဒေသများမှ ရေဘေးရှောင်စခန်းများတွင် အစာအဆိပ်သင့်မှုများ ခပ်စိပ်စိပ်ဖြစ်လာပြီး ယနေ့(စက်တင်ဘာ ၁၈ရက်)ညနေတွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်ကျေးရွာ ရေဘေးရှောင်စခန်း၌ လူ ၄၀ဦး အစာအဆိပ်သင့်မှုဖြစ်ခဲ့သည်။

အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်ကျေးရွာ ရေဘေးရှောင်စခန်းမှ အစာအဆိပ်သင့်သူများ ဆေးရုံပို့ဆောင်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - CJ

မိထက်၊ဇေအောင်/People’s Spring

ရေကြီးနစ်မြုပ်နေသည့်ဒေသများမှ ရေဘေးရှောင်စခန်းများတွင် အစာအဆိပ်သင့်မှုများ ခပ်စိပ်စိပ်ဖြစ်လာပြီး ယနေ့(စက်တင်ဘာ ၁၈ရက်)ညနေတွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်ကျေးရွာ ရေဘေးရှောင်စခန်း၌ လူ ၄၀ဦး အစာအဆိပ်သင့်မှုဖြစ်ခဲ့သည်။

ကြက်ဥဟင်းစားပြီး ဖြစ်တာပါ။ နေတဲ့နေရာက‌လည်း မိုးအေးတာနဲ့ ဆက်စပ်မယ်။ နည်းနည်းပြင်းထန်တဲ့သူ ၃၀ကို ဆေးရုံကိုပို့လိုက်တယ်။ ကျန်တဲ့သူတွေကိုလည်း ကျန်းမာရေးစစ်ဆေးမှုတွေလုပ်နေတယ်”ဟု ဝက်ဖြူကုန်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရေဘေးရှောင်စခန်းမှ ကလေးငယ်နှင့် သက်ကြီးတွေကိုများ အစာအဆိပ်သင့်ခြင်းဖြစ်ပြီး တောင်ငူဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင်လည်း စက်တင်ဘာ ၁၇ ရက် နံနက်က ရေဘေးကယ်စခန်း၌ လူ ၁၁၅ဦး အစာအဆိပ်သင့်မှုဖြစ်ခဲ့သည်။

ထို့အပြင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းအုပ်စု၊ ချောင်းကြားကျေးရွာ၊ ကယ်ဆယ်ရေးစခန်းတွင် လာလှူသည့်ဒံပေါက်ထုပ်များ စားသုံးမိ၍ ရေဘေးသင့်ပြည်သူ ၁၀၀ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် တပ်ကုန်းမြို့နယ်၊ ချောင်းကြားကျေးရွာ ကယ်ဆယ်ရေးစခန်းတွင် ယမန်နေ့ (စက်တင်ဘာ ၁၇ ရက်) ညနေ ၆ နာရီခန့်က အလှူရှင်များလာသည့် ဒံပေါက်ထုပ်များ စားမိ၍ ရေဘေးသင့်ပြည်သူ ၁၀၀ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရေဘေးသင့်ပြည်သူများမှာ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်း လျှောခြင်းများ ဖြစ်ပွားခဲ့၍ ပျဉ်းမနားမြို့၊ ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အကြင်နာကုသိုလ်ပြု လူမှုအထောက်အကူအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

” ​ဒံပေါက်စားမိသွားတဲ့သူတော်တော်များများ အန်တာတို့ ဝမ်းသွားတာတို့ ဖြစ်ကုန်တာပေါ့။ ကလေးတွေကအစပေါ့။ နည်းနည်းစိုးရိမ်ရတဲ့ ကလေး ငါးဦးခြောက်ဦးကိုတော့ နေပြည်တော်ကုတင်၅၀၀ ကို ရွှေ့ထားတယ်။”ဟု အကြင်နာကု သိုလ်ပြု လူမှုအထောက်အကူအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဒံပေါက်မစားမီကလည်း ထိုကယ်ဆယ်ရေးစခန်း၌ သောက်သုံးရေပြတ်လပ်၍ ရေဘေးဒုက္ခသည်များမှာ နီးစပ်ရာရေကိုသာ သောက်သုံးခဲ့ရကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။ အဆိုပါ အစာအဆိပ်သင့်သူများကို ဆေးရုံသို့တင်ပို့ကုသခဲ့ပြီးနောက် ပြန်လည်သက်သာလာပြီဟု သတင်းရရှိသည်။

ရေဘေးသင့်ပြည်သူများအား ဝေငှမည့်ထမင်းထုပ်များအား ဆိုင်အချို့မှ မှာယူသူများလည်းရှိပြီး ထမင်းများမနပ်ခြင်း၊ အချိန်နောက်ကျ၍ ထမင်းထုပ်များ သိုးသွားခြင်းများလည်း ဖြစ်ပေါ်နေကြောင်း လူမှုကူညီရေးသမားအချို့က ပြောသည်။

တိုင်ဖွန်းမုန်တိုင်းယာဂိ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ရေကြီးခြင်းကြောင့် နေပြည်တော်၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ ၅၉ မြို့နယ် ကို ထိခိုက်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိကာ ရာနှင့်ချီ၍ သေဆုံးမှုများရှိခဲ့ပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်းကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်