Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းတွင် ရမည်းသင်းရေဘေးအလှူပြန်လာသည့် သံဃာတော်များ​၏ ကားတိမ်းမှောက်

ရန်ကုန် – မန္တလေးအမြန်လမ်းတွင် ရမည်းသင်းရေဘေးလှူဒါန်းပြီး ပြန်လာသည့်သံဃာတော်များ၏ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ သံဃာတော်များ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

သံဃာတော်များ၏ကား တိမ်းမှောက်သွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

ရန်ကုန် – မန္တလေးအမြန်လမ်းတွင် ရမည်းသင်းရေဘေးလှူဒါန်းပြီး ပြန်လာသည့်သံဃာတော်များ၏ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ သံဃာတော်များ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ ၁၉ရက်) နေ့လယ် ၁၂ နာရီခွဲခန့်က အမြန်လမ်းမကြီး၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင် ၁၄၉/၇အနီးတွင် ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် သံဃာတော်များလိုက်ပါလာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

Public Service Announcement

Public Service Announcement

ကားပေါ်၌ ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ ပန်းတစ်ပွင့်တောင်ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော် ၉ ပါး လိုက်ပါလာပြီး ရမည်းသင်းမြို့နယ်မှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းပြီးပြန်လာရာမှ ကားဘီးပေါက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ တာဝန်ရှိသူများက ပြောသည်။

“သိထားတာကတော့ ၇ ပါးဒဏ်ရာရတယ်။ ဟိုလိုအသက်အန္တရာယ်တော့ မရှိကြဘူးလို့ သိထားပါတယ်။”ဟု ပရဟိတကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

သံဃာတော်များမှာ စိုးရိမ်ရသည့်အခြေအနေမရှိတော့ကြောင်း ပန်းတစ်ပွင့်တောင်ဗုဒ္ဓတက္ကသိုလ်မှ တာဝန်ရှိသူများက ပြောသည်။

တိုင်ဖွန်းမုန်တိုင်းယာဂိ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ရေကြီးခြင်းကြောင့် နေပြည်တော်၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ ၅၉ မြို့နယ် ကို ထိခိုက်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိကာ ရာနှင့်ချီ၍ သေဆုံးမှုများရှိခဲ့ပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်းကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ