Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်း စစ်​ရေယာဥ်အုပ်စုက နိုင်ကျဉ်းအချို့အပါအဝင်အကျဉ်းသား ၁၀၀ကျော်ကို ​ခေါ်​ဆောင်လာ

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စုသည် စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်များမှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားတစ်ရာကျော်ကို ခေါ်ဆောင်လာပြီး မန္တလေးမြို့ဘက်သို့ဆက်လက်စုံဆင်းနေကြောင်း သတင်းရရှိသည်။

ချင်းတွင်းမြစ်အတွင်းမှ စစ်​ကောင်စီ ​ရေယာဥ်အုပ်စု။ ဓါတ်ပုံ- အညာပစ်တိုင်း​ထောင်​လေးများ

“မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာရင် လွတ်သွားမှာစိုးလို့ရယ်၊ လမ်းတလျှောက်မှာ လူသားတံတိုင်းအနေနဲ့အကာအကွယ်ယူချင်လို့ ခေါ်လာတာမျိုး။ မုံရွာအကျဉ်းထောင်က အကျဥ်းသားတချို့လည်းခေါ်သွားတယ်”

— မုံရွာမြို့နယ်မှနိုင်ကျဥ်း​ဟောင်းတစ်ဦး

မိထက်/People’s Spring

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စုသည် စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်များမှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားတစ်ရာကျော်ကို ခေါ်ဆောင်လာပြီး မန္တလေးမြို့ဘက်သို့ဆက်လက်စုံဆင်းနေကြောင်း သတင်းရရှိသည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်း၊ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာမြို့တလျှောက် စုန်ဆင်းလာသည် စစ်ကောင်စီတပ်သင်္ဘောအုပ်စုသည် ခန္တီးအကျဉ်းထောင်အပါအဝင်စစ်တပ် တပ်ရင်းများနှင့်ရဲစခန်းများရှိ အချုပ်သားများ၊ အကျဉ်းသားများ စုစုပေါင်း ၁၀၀ ကျော်ကို ခေါ်ဆောင်လာသည်ဟု မုံရွာမြို့မှ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“အရေးကြီးတဲ့ အကျဉ်းသားတွေ ခေါ်လာတယ်လို့ သတင်းရတယ်။ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာရင် လွတ်သွားမှာစိုးလို့ရယ်၊ လမ်းတလျှောက်မှာ လူသားတံတိုင်းအနေနဲ့အကာအကွယ်ယူချင်လို့ ခေါ်လာတာမျိုး။ မုံရွာအကျဉ်းထောင်က အကျဥ်းသားတချို့လည်းခေါ်သွားတယ်” ဟု ၎င်းကပြောသည်။

မုံရွာအကျဉ်းထောင်တွင်စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြင့်နိုင် နှင့် သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကဲ့သို့ နိုင်ငံရေးအကျဥ်းသားများရှိနေပြီး ယခုခေါ်ဆောင်သွားသူများတွင် ၎င်းတို့ပါဝင်ခြင်း ရှိ ၊ မရှိမသိနိုင်သေးပေ။

အကျဉ်းသားစုစုပေါင်း ၁၀၀ ကျော်ခေါ်ဆောင်သွားကြောင်းသတင်းရရှိထားသော်လည်း အကျဉ်းထောင်တွင်းနှင့်အဆက်သွယ်မရ၍စိတ်ပူနေရကြောင်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှ အကျဥ်းကျနေသူတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

အဆိုပါစစ်ကောင်စီသင်္ဘောအုပ်စုအထက်ပိုင်းမှ စတင်ထွက်ချိန်က သင်္ဘော ကိုးစီးပါဝင်ပြီး ကျောက်စိမ်းတုံးများနှင့် သစ်လုံးများသယ်ဆောင်လာခဲ့သည်။ စက်တင်ဘာလ ၁၈ရက်နေ့က ကနီမြို့နယ်အတွင်းဖြတ်သန်းနေစဉ် စစ်ကောင်စီက မြစ်ကမ်းဘေးကျေးရွာများအား ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စက်တင်ဘာလ ၁၉ရက်တွင် မုံရွာမြို့အလုံမင်းထောင့် ဆိပ်ကမ်းသို့ရောက်ရှိပြီး စက်တင်ဘာလ ၂၁ရက်တွင် မူလရှိနေသော ကြေးနီတင်သင်္ဘောများ၊ သစ်လုံးတင်သင်္ဘောများနှင့်အတူ စုစုပေါင်းသင်္ဘော၂၁ စီးကို လေကြောင်းမှလုံခြုံရေးအကူအညီယူ၍ဆက်လက်စုန်ဆင်းနေကြောင်း သတင်းရရှိသည်။

ထို​ရေယာဥ်အုပ်စုတွင် စစ်ရေယာဉ် ၃စီး၊သစ်ဖလပ် ၅စီး ၊ မိုးကာအုပ်ဖလပ် ၆စီး ၊ကားတင် နှင့်ကရိမ်းတင်​​ရေယာဥ် ၂စီး ၊ ကြေးနီတင်​ရေယာဥ် ၅စီး စုစုပေါင်း ၂၁စီးပါဝင်ပြီး မုံရွာမြို့အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်‌ကြောင်းအတိုင်း

အောက်စုန်သွား​ကြောင်းအညာပစ်တိုင်းထောင်လေးများက ဓါတ်ပုံနှင့်တကွ​ဖော်ပြသည်။ထို​ရေယာဥ်အုပ်စုကို စစ်တပ်၏ Mi – 35 တိုက်ခိုက်​ရေးရဟတ်ယာဥ်က လိုက်ပါ လုံခြုံရေးယူပေးနေ​ကြောင်းလည်းသိရသည်။

​ရေယာဥ်အုပ်စုမှာ မန္တလေးမြို့အထီး စုန်ဆင်းမည်ဖြစ်ပြီး မြစ်ကမ်းဘေးကျေးရွာများ လုံခြုံရေးသတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။