Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်နေသည့် ရန်ကုန်သပိတ်အင်အားစုများမှ ရဲဘော်လေးဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုက အသိပေးသည်။

သတိုး/People’s Spring

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်နေသည့် ရန်ကုန်သပိတ်အင်အားစုများမှ ရဲဘော်လေးဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုက အသိပေးသည်။

သပိတ်ရဲဘော်လေးဦးကို စက်တင်ဘာ ၁၉ရက် ညနေနောက်ပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသူများမှာ တကသကျောင်းသားဟောင်းများအင်အားစု၏ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC)၏ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC)၏ အဖွဲ့ဝင် မမြမဉ္စူ နှင့် နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင်တို့ဖြစ်ကြောင်း အထက်ပါအဖွဲ့ကအသိပေးထားသည်။

“ရဲဘော်လေးဦးသည် ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်နေသူများ ဖြစ်ကြပြီး မတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများ ဖြင့် စစ်ကြောမေးမြန်းခံနေရပါသည်။ စစ်ကောင်စီလက်အတွင်းရှိ ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး အခြေအနေသည် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်ပါသည်။ “ဟု တကသ ကျောင်းသားဟောင်းများ အင်အားစု၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ရဲဘော်လေးဦးကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီအရေးတို့အတွက် စစ်အာဏာရှင်ကို လူထုတိုက်ပွဲနည်းလမ်းဖြင့် ပြောင်မြောက်ရဲရင့်စွာ အံတုခဲ့ကြသည့် အရေးတော်ပုံတပ်သားများအဖြစ် မှတ်တမ်းတင်ထားပြီး ဖမ်းဆီးခံရသည့် ရဲဘော်များအတွက်ပါပေါင်း၍ အာဏာရှင်စနစ်ပျက်စီးရေးအတွက်ဆက်လက်လုပ်ဆောင်သွားမည်ဟု ယင်းအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။