Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်နေသည့် ရန်ကုန်သပိတ်အင်အားစုများမှ ရဲဘော်လေးဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုက အသိပေးသည်။

သတိုး/People’s Spring

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်နေသည့် ရန်ကုန်သပိတ်အင်အားစုများမှ ရဲဘော်လေးဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုက အသိပေးသည်။

သပိတ်ရဲဘော်လေးဦးကို စက်တင်ဘာ ၁၉ရက် ညနေနောက်ပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသူများမှာ တကသကျောင်းသားဟောင်းများအင်အားစု၏ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC)၏ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC)၏ အဖွဲ့ဝင် မမြမဉ္စူ နှင့် နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင်တို့ဖြစ်ကြောင်း အထက်ပါအဖွဲ့ကအသိပေးထားသည်။

“ရဲဘော်လေးဦးသည် ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်နေသူများ ဖြစ်ကြပြီး မတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများ ဖြင့် စစ်ကြောမေးမြန်းခံနေရပါသည်။ စစ်ကောင်စီလက်အတွင်းရှိ ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး အခြေအနေသည် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်ပါသည်။ “ဟု တကသ ကျောင်းသားဟောင်းများ အင်အားစု၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ရဲဘော်လေးဦးကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီအရေးတို့အတွက် စစ်အာဏာရှင်ကို လူထုတိုက်ပွဲနည်းလမ်းဖြင့် ပြောင်မြောက်ရဲရင့်စွာ အံတုခဲ့ကြသည့် အရေးတော်ပုံတပ်သားများအဖြစ် မှတ်တမ်းတင်ထားပြီး ဖမ်းဆီးခံရသည့် ရဲဘော်များအတွက်ပါပေါင်း၍ အာဏာရှင်စနစ်ပျက်စီးရေးအတွက်ဆက်လက်လုပ်ဆောင်သွားမည်ဟု ယင်းအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။