Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံး လက်ပစ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသော ဘန်ကာအား ယမန်နေ့ည ၇ နာရီခွဲခန့်က လက်ပစ်ဗုံး ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force-FLAက အသိပေးထုတ်ပြန်သည်။

သုည/People’s Spring

ရန်ကုန်မြို့ အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသော ဘန်ကာအား ယမန်နေ့ည ၇ နာရီခွဲခန့်က လက်ပစ်ဗုံး ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force-FLAက အသိပေးထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် ပျက်ဆီးမှုအခြေအနေကို အသေးစိတ်မသိရသေးသော်လည်း ရဲဘော်များဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း FLA က အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

” ညက ၇ နာရီကျော်လောက်မှာ ဗဟိုလမ်းမှာ ဗုံးပေါက်သံ ကြားလိုက်ရတယ်။ နောက်မှ မီတာရုံးပေါက်တာလို့ သိရတယ်။ အဲဒီ မီတာရုံးက အစထဲကလည်း စစ်သားတွေ လာစောင့်တာ အမြဲရှိပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ ဗုံးပေါက်ပြီးတော့ စစ်သားတွေ ရဲတွေတော့ အများကြီးရောက်လာပြီး စစ်ဆေးနေတာ တွေ့ရတယ်”ဟု အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက အင်းစိန်မြို့ ဗဟိုလမ်း၊ လမ်းသစ်လမ်း၊ အောင်ဆန်းဈေး၊ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျတံတားတို့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ရန်ကုန်မြို့အား စစ်ကောင်စီအဖွဲ့ လုံး၀အုပ်ချုပ်ခွင့်မရစေရေးအတွက် အစွမ်းကုန်တွန်းလှန်ခုခံသွားမည် ဖြစ်ပြီး မြို့ပြပြည်သူလူထုနှင့်အတူ လျှို့ဝှက်စွာရှိနေမည်ဟုလည်း Freeland Attack Force-FLA က ဆိုသည်။

ယမန်နေ့ညကလည်း ရန်ကုန်မြို့တွင် စစ်ကောင်စီသန်းခေါင်စာရင်း ကောက်ယူရန် အကူအညီပေးနေသည့် အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် ရာအိမ်မှူး မင်းမင်းထွန်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

သာယာဝတီထောင်သည် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်မှုတွင် နာမည်ကြီးသည့် အကျဉ်းထောင် တစ်ခုဖြစ်သည်။