Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်တွင် ပေါ်တာဆွဲဖမ်းဆီးရာလိုက်ပါသည့် အုပ်ကြီးအားပစ်ခတ်ရာ သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီနှင့်ပေါင်းကာ ပေါ်တာဆွဲဖမ်းဆီးခြင်းများလိုက်ပါလုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုက်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီနှင့်ပေါင်းကာ ပေါ်တာဆွဲဖမ်းဆီးခြင်းများလိုက်ပါလုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုက်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်က ပေါင်းတည်နယ်၊ မှတ္တိုင်တိုက်နယ်၊ ရွာသစ်ကြီးအုပ်စု၊ မြွေကြီးတွင်းရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး တင်ဦးဆိုသူအား တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅)နှင့် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ (၄)တို့မှ ၎င်း၏နေအိမ်သို့သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“အဲနေရာက ရဲစခန်းနဲ့ဆိုလို့ရှိရင် ပေ ၅၀ လောက် ပဲဝေးတယ်။ အဲနေရာကို ကျနော်တို့ အတင်းဝင်လုက်တာ။ မြွေကြီးတွင်းဆိုတဲ့ရွာပေါ့။ ရဲစခန်းရဲ့ နောက်ကြောဘက်ကရွာ၊ အဲမှာ ချောင်းလေးပဲ ခြားတယ်။ ကျနော်တို့ ရဲစခန်းထဲတောင် သေနတ်နဲ့ လေးငါးချက်ပစ်ခဲ့သေးတယ်”ဟု တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အုပ်ချုပ်ရေးမှူးတင်ဦးမှာ စစ်ကောင်စီအလို ကျ စစ်မှုထမ်းလူသစ်စုဆောင်းရာတွင်အား တက်သရောလုပ်ဆောင်ပေးခြင်း၊ စစ်သား၊ ရဲများနှင့်ပေါင်းကာ ဆိုင်ကယ်ဖမ်း ဆီးပေါ်တာဆွဲခြင်း၊ အုပ်စုအတွင်းမီတာခနှင့် တောင်သူ လယ်သမားချေးငွေများကို အတင်းအဓ္မကောက်ခံပေးခြင်း၊ ​စစ်မှုထမ်းရာတွင် မဲပေါက်သည်ဆိုကာ စစ်မှုထမ်းခိုင်းခြင်းတို့ကြောင့် ယခုကဲ့သို့ အပြစ်ပေးအရေးယူလိုက်ခြင်းဖြစ်ကြောင်း တပ်ရင်း (၃၆၀၁)က အသိ ပေးသည်။

ထို့အပြင် တင်ဦးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ပစ်ခတ်အရေးယူလိုက်သည့် ပထမအုပ်ကြီး ဥာဏ်ဝင်း၏နေရာတွင် အစားထိုးခန့်အပ်ထားသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ဖြစ်သည်။

ပေါင်းတည်မြို့နယ်အတွင်းရှိနေသည့် စစ်ကောင်စီတပ်သည် ယခင်ကကဲ့သို့ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနိုင်ခြင်းမရှိတော့ဘဲ ကျေးရွာများသို့သာ အဖွဲ့ငယ်များဖြင့် ဝင်ရောက်ဖမ်းဆီး၊ ငွေညှစ်သည်များ လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

“အခုကတော့ ပြောင်းပြန်ဖြစ်နေပြီဗျ။ ဒီကောင်တွေ လိုက်ပြီးတိုက်တယ်ဆိုတာ မရှိသလောက်ပဲ။ ကျနော်တို့ကသာ သူတို့ရှိတဲ့နေရာတွေ သွားတိုက်နေတာ”ဟု မြို့နယ်တွင်း စစ်ရေးအခြေအနေကို တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပေါင်းတည်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပေါင်းပြီး ၎င်းအလိုကျလုပ် ဆောင်ပေးနေသော ကျန်ရှိနေသည့်မြို့ပေါ် (၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများကိုလည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ရင်း (၃၆၀၁)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်တပ်ကြဲချတဲ့ လေယာဉ်ဗုံးစထိမှန်လို့ ဒေသခံ ၁ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။