ဇူလိုင်-၂၊၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်တပ်ကြဲချတဲ့ လေယာဉ်ဗုံးစထိမှန်လို့ ဒေသခံ ၁ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဇူလိုင် ၁ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်မှာ စစ်တပ်က ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု ၊တောင်ခမောက် နဲ့ လက်ပံခုန်ကျေးရွာကြားကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးလေးလုံးကြဲချခဲ့တာလည်းဖြစ်ပါတယ်။

“ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လာကြဲတာဟုတ်ပါတယ်။ သေဆုံးသူက ဦးဆန်းမြင့် တောင်ခမောက် ရွာသား ကျော တစ်ချက်၊ တင်ပါး တစ်ချက်ထိတာပါ “ လို့ ပြည်ခရိုင်တပ်ရင်း(၁) စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ပြောပါတယ်။

Public Service Announcement
ဒါအပြင် လေယာဉ်ဗုံးကြဲမှုကြောင့် တဲအိမ်တချို့လည်း ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


















































