Connect with us

Hi, what are you looking for?

သတင်း

တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်၊ ခဲယမ်းများယူလာပြီး လွိုင်ကော် PDFထံ အလင်းဝင်လာ

မြစ်ခြေရဲစခန်းမှ ရဲတစ်ဦးလည်း လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှင့် အတူ ၎င်းယူဆောင်လာသည့် လက်နက်ခဲယမ်းများကို တွေ့ရစဥ်။ ဓာတ်ပုံ - Loikaw Local PDF

ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်၊ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Loikaw Local PDF က ယနေ့ ထုတ်ပြန်သည်။

စက်တင်ဘာ ၂၉ ရက်တွင် လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စစ် ကောင်စီတပ်သား အေးချမ်းအောင် အလင်းဝင် လာခြင်းဟု ဆိုသည်။

၎င်းက ‌ MA -11သေနတ် တစ်လက် ၊ ကျည်ဘောက် ၃ဘောက်၊ ကျည်ဆံ ၂၄၇တောင့် ၊ လက် ပစ်ဗုံး ၁လုံး ၊ ၁၄မိုင်း ၁လုံး ယူဆောင်လာကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားအေးချမ်းအောင်သည် စစ်ကောင်စီ၏ ရဲ‌ဘော် သစ်စုဆောင်းရေးတွင် အတင်းအဓ္ဓမ ခေါ် ဆောင်ခြင်း ခံခဲ့ရသူဟု ဆိုသည်။

“ပြည်သူနဲ့ ရပ်တည်ချက်အတူ ခံယူချင်တဲ့အတွက် သူ့ဆန္ဒအလျောက် CDM ဝင်လာတာ”ဟု Loikaw Local PDF တာဝန်ရှိသူက ပြောသည်။

ထို့အပြင် တပ်သား မောင်အေးချမ်းအောင် ကဲ့သို့ အလင်းဝင်ရောက်ပူးပေါင်းခိုလူံ မည့်သူများအားစိစစ်၍ လက်ကမ်းကြိုဆို‌‌မည်ဟု အသိပေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီ(ကယား)ပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲ တပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီ တပ်သား ၁၅၀ခန့် ရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ အချက်အလက်များအရ သိရသည်။

တခြားသတင်းတရပ်အဖြစ် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်း ရဲတပ်သားတစ်ဦး သည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု ၊ ကျည် ၁၉၈ တောင့်၊ လက်ပစ် ၁လုံးနှင့် အတူ အလင်းဝင်လာသည်ဟင မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။