Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးနည်းအရ ပြဿနာဖြေရှင်းလိုပါက ခြေဥဖျက်သိမ်းပြီး စစ်တပ်စစ်တန်းလျားပြန်ရမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ တုံ့ပြန်

စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီး ထားသောဆွေးနွေးပွဲ ပါဝင်ရန်မစဉ်းစားဟု ကြေညာ

မွန်ပြည်သစ်ပါတီ​၏ အပတ်စဉ်(၁) အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ - MSDF

ထားမြတ်/People’s Spring

တော်လှန်ရေးအဖွဲ့များအား လက်နက်စွန့်ကာ နိုင်ငံရေးဆွေးနွေးပွဲ လာရောက်ရန် ဖိတ်ခေါ် ထားချိန်တွင် လေကြောင်းအသုံးပြုပြီး အရပ်သားများပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ စစ်ကောင်စီ​၏ ရိုးသားဖြောင့်မှန်မှုမရှိသောလုပ်ရပ်ဟု မွန်တိုင်းရင်းသား တော်လှန်ရေး စုဖွဲ့မှု တစ်ခုဖြစ်သည့် မွန်ပြည်ဖက်ဒရယ် ကောင်စီ(MSFC)က ယမန်နေ့တွင် သဘောထား ထုတ်ပြန်သည်။

တိုင်းပြည်နှင့် လူထုကို နည်းလမ်းမျိုးစုံအသုံးပြုကာ ဖိနှိပ်သတ်ဖြတ်လျက်ရှိသော အကြမ်းဖက် စစ်ကောင်စီသည် စက်တင်ဘာ ၂၆ရက်တွင် နိုင်ငံရေးလှည့်ကွက်တစ်ခုအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို လက်နက်ကိုင်လမ်းစဥ်ကို စွန့်ပြီး နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် အဘက်ဘက်မှ ပြိုလဲကျဆုံးနေချိန် နိုင်ငံတကာ တရားဝင်မှုရရှိရေးကို အားထုတ်သည့်အနေဖြင့် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပရန်ပြင်ဆင်သည်နှင့် တပြိုင်တည်း ယခုနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အားထုတ်လာခြင်းဖြစ်ကြောင်း MSFCက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မွန်ပြည်ဖက်ဒရယ်ကောင်စီသည် စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီးထားသော အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ရန် လက်ခံစဥ်းစားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဥ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ကြေညာသည်။

ဘဝတူ တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း လက်တွဲကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ပန်းတိုင်အဖြစ် ထားရှိပြီး အတူတကွ ချီတက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် စစ်တပ် အာဏာရရှိရေးကို ထောက်တိုင်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေးကို ဦးတည်သည့် မည်သည့်နိုင်ငံရေးဆွေးနွေးပွဲ မဆို ကြိုဆိုထောက်ခံပြီး ပါဝင်သွားရန် အသင့် ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်သည်။

“ကျနော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပျက်သုဉ်းတဲ့အထိ တိုက်ပွဲဝင်နေပြီး အောက်ခြေကနေလာတဲ့ ဖက်ဒရယ်ပြည်ထောက်စုတည်ဆောက်ရေးကို အားထုတ်နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နေချိန်မှာ နိုင်ငံရေးပြသနာကို အာဏာသိမ်းပြီး လက်နက်နဲ့ဖြေရှင်းတတွေကို ဆန့်ကျင်ပါတယ်။ နိုင်ငံရေးပြသနာကိုဖြေရှင်းတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီးတော့ စစ်တပ်က စစ်တန်းလျားကို ပြန်ဖို့လိုအပ်ပါတယ်။ ၂၀၀၈ အောက်မှာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး”ဟု MSFC ပြောရေးဆိုခွင့်ရှိသူ နိုင်ပညာမာန်က ပြောသည်။

နိုင်ငံရေးစကားဝိုင်းသည် နွေဦးတော်လှန်ရေး အင်အားစုများနှင့် လူမျိုးစု တော်လှန်ရေးအဖွဲ့များ အစုံအလင်ပါဝင်သည့်ဆွေးနွေးပွဲ ဖြစ်ရန်လိုအပ်သည်ဟုလည်း ပြောသည်။

” ဒီလိုမှမဟုတ်ရင်တော့ နိုင်ငံရေးလှည့်ကွက်အနေနဲ့အသုံးချတဲ့ ဆွေးနွေးပွဲတခုပဲဖြစ်လာမှာပါ” ဟု နိုင်ပညာမာန်က ပြောသည်။

လက်ရှိ မွန်ပြည်ဖက်ဒရယ်ကောင်စီကို ပြည်နယ်ဖက်ဒရယ်ယူနစ်အခြေပြုဖွဲ့စည်းထားခြင်းဖြစ်ပြီး အစုအဖွဲ့ ၉ခုပါဝင်စုဖွဲ့ထားသည်ဟုဆိုသည်။ ယင်းစုဖွဲ့မှုတွင် မွန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နွေဦးတော်လှန်ရေး နိုင်ငံရေးဦးဆောင် အဖွဲ့၊ မွန်ပြည်နယ်အတွင်းလူမျိုးစုများအဖွဲ့၊ တတ်သိပညာရှင်အဖွဲ့၊ CDM အစုအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ သပိတ်အစုအဖွဲ့၊ စီးပွါးကူးသန်းအဖွဲ့၊ ပြည်ပရောက်မွန်လူမျိုးအခြေပြုအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တို့ ပါဝင်သည်။

မွန်တော်လှန်ရေးအင်အားစုကဲ့သို့ပင် ကရင်၊ ချင်း၊ တအာင်း၊ ရခိုင် အပါအဝင် အခြားသော တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို အယုံအကြည်မရှိဟု ထုတ်ဖော်ပြောဆိုထားသည်။

စစ်ကောင်စီ နိုင်ငံရေးမှထွက်ခွာပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်ကျူးလွန်ခဲ့မှုများအား ဝန်ခံ တာဝန်ခံမှ ဆွေးနွေးမှုများဖြစ်လာမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုပါက စစ်​ လက်နက်ကိုင်လမ်းစဉ်ကို ဦးစွာ စွန့်လွှတ်ရန်လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။