Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်ကိုစစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၊အရပ်သား ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်အတွင်းရှိ ပြည်သူလူထု နေထိုင်ရာနေရာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်အတွင်းရှိ ပြည်သူလူထု နေထိုင်ရာနေရာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၃၀ရက်က ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၂)လုံးပစ်ခတ်ခဲ့ရာ ကျောက်ကြီး(လယ်ဒို) မြို့နယ် ခင်ကန့်လန့်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်ပျက်စီးမှုလည်းရှိခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စက်တင်ဘာ ၂၈ရက်ကလည်း ရွှေကျင် (ဆောထိ)မြို့နယ်သို့ စစ်ကောင်စီ၏ ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ဂွေးကုန်းကျေးရွာအနီးတွင်ကျရောက် ပေါက်ကွဲခဲ့ဟု ထုတ်ပြန်သည်။ ယင်းနေ့ညပိုင်းတွင် လက်နက်ကြီး (၇)လုံး ထပ်မံပစ်ခတ်ခဲ့ရာ လက်နက်ကြီး (၂)လုံးမှာ အင်းပရိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် (၅)လုံးမှာ လိန်ပင်ဝိုင်းကျေးရွာ စာသင်ကျောင်းဘက် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာ ၂၉ရက်တွင်လည်း လက်နက်ကြီး ဆက်လက်ပစ်ခတ်ခဲ့၍ ချိုအေးကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။

မုန်း(မူး)မြို့နယ်အတွင်းလည်း စစ်ကောင်စီက စက်တင်ဘာ ၂၇ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အင်ကွင်းကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေအတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီး ၊ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ဒေသခံများသည် စစ်ဘေးအပြင် စက်တင်ဘာအတွင်း ရေဘေးကိုလည်း ကြုံခဲ့ကြရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိဟု KNUက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။