Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့၌ စစ်ကောင်စီတပ်စွဲထားသည့် နေရာတစ်ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး ချင်းမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ ယနေ့တွင် ထန်တလန်မြို့ CBဘဏ် အဆောက်အဦး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာလလယ်တွင် လိုင်ဗီလာယာယီတပ်စခန်းကိုသိမ်းပိုက်အပြီး တွေ့ာစဉ်။ ဓာတ်ပုံ - The Chinland Post

ဟန်နွေ/People’s Spring

ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး ချင်းမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ ယနေ့တွင် ထန်တလန်မြို့ CBဘဏ် အဆောက်အဦး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

ယခုနှစ် ဩဂုတ်လဆန်းတွင် ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ကုန်းဟု ခေါ်သည့် ခလရ(၂၆၉) အထိုင်စခန်းကို ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များသည် လိုင်ဗီလာတည်းခိုခန်း၊ NLD ပါတီ ရုံးနေရာ၊ ထွေအုပ်ရုံးနေရာနှင့် CBဘဏ်ရုံးနေရာတို့၌ ယာယီတပ်စခန်းချတပ်စွဲထားရာ စက်တင်ဘာလလယ်တွင် လိုင်ဗီလာယာယီတပ်စခန်း သိမ်းနိုင်ခဲ့ပြီး ယနေ့ မွန်းလွဲတွင် CBဘဏ်၌ ယာယီတပ်စွဲထားသည့် တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ နေ့လည် ၂နာရီပေါ့။ အဲဒီမှာ CBဘဏ်မှာတပ်စွဲထားတဲ့ အဲဒီစခန်းကို ချင်းပြည်အစိုးရ တပ်က သိမ်းပိုက်နိုင်ပြီဆိုတဲ့သတင်းကောင်းရတယ်။ဘယ်လောက်ကျဆုံးနဲ့ ဘယ်လိုနဲ့လက်နက်တွေ သိမ်းနိုင်တာလဲဆိုတာ အတိအကျတော့ မသိဘူး။NLD ရုံးအနီးအနား အဆောက်အဦးတွေနဲ့ ထွေအုပ်ရုံး အဓိကကျန်တော့မယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ယခု စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့၍ ထန်တလန်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရန် နီးစပ်လာပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

” ဒီမနက် တိုက်ပွဲတွေကြောင့်ဖြစ်နိုင်တယ်။ ဒီ မနက် ၁၀နာရီနဲ့ ၁နာရီ ၅၀မိနစ်ကြားမှာ ဟားခါး စကစ ဗျူဟာကုန်း ကိုလည်း စကစက လေယာဉ်နဲ့ အထုပ်တွေပေါ့ ခဲယမ်းလားမသိဘူး အထုပ်၂၀လောက်ချပေးတာပေါ့ ဒီမနက်မှာ”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ထန်တလန်တိုက်ပွဲ အခြေအနေနှင့်တပ်သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ