Connect with us

Hi, what are you looking for?

သတင်း

ARSA တိုက်ခိုက်၍ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရဟု AAအသိပေး

အာဆာလက်နက်ကိုင်တပ်(ARSA)၏ တိုက်ခိုက်မှုကြောင့် အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်သည်။

အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် နေရာမြေပုံ

ထားမြတ်/People’s Spring

အာဆာလက်နက်ကိုင်တပ်(ARSA)၏ တိုက်ခိုက်မှုကြောင့် အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်သည်။

ဘူးသီးတောင်မြို့ ရပ်ကွက်(၂)ရွာသစ်တွင် နေထိုင်သည့် (၆၀)ကျော်အရွယ် အမျိုးသား နှစ်ဦးသည် အောက်တိုဘာ ၇ရက် နံနက်တွင် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားရာ နေ့လည်ပိုင်းအထိ ပြန်မလာ၍ ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာရှိ အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့ ဝင် သုံးဦးက ပျောက်ဆုံးနေသူ နှစ်ဦးအား လိုက်ရှာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ထွက်ခွာလာစဉ် ဂုံးနားမူဆလင်ကျေးရွာ အဝင်ဝရောက်ချိန် ARSAက တိုက်ခိုက်ခဲ့ဟု ဆိုသည်။ ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု AAက ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်ခံရ၍ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာကျဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့စီးလာသော ဆိုင်ကယ်မှာလည်း အဆိုပါ ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း AAက ထုတ်ပြန်သည်။

ထိုသို့ ခြုံခိုတိုက်ခိုက်ခဲ့သော ARSA လက်နက်ကိုင်အဖွဲ့အား အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော်တို့က လိုက်လံ ဖမ်းဆီးလျက်ရှိပြီး ပျောက်ဆုံးနေသည့် ရွာသား နှစ်ဦးကိုရှာဖွေလျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်းဆောင်ရွက်သွားမည်ဟုလည်း AAကထုတ်ပြန်သည်။

အောက်တိုဘာ ၆ရက်ကလည်း မောင်တောမြို့ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်ပြီး ပြန်လာသည့် အရပ်သားများကို ARSAက တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ဟု AAက ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၃၀ရက်ကလည်း မောင်တော မြို့နယ်၊ ကိုင်းကြီးမြိုရွာမှ ဒေသခံ ၄ဦး မေယုတောင်ခြေရှိလက်ဝဲချောင်းသို့ ငါးရှာသွားစဉ် ARSA က ဖမ်းဆီးသွား၍ AA ကလိုက်လံ ရှာဖွေခဲ့ရာ ARSA စခန်းတစ်ခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု အသိပေးထားသည်။ အောက်တိုဘာ ၆ရက်ကလည်း RSOတပ်ဖွဲ့နှင့် AA တို့ မောင်တောမြို့နယ် လိပ်ရစခန်းအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ RSOတပ်ဖွဲ့ထံမှ လက်နက် ၃လက်သိမ်းရခဲ့သည်ဟု AAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။