Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ်တွင် ရဲတစ်ဦးအား လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပျူစောထီးရွာအနီးတွင် စစ်ကောင်စီ၏ ရဲတစ်ဦးအား လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ပြောသည်။

ဓာတ်ပုံ - မြိုင်ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပျူစောထီးရွာအနီးတွင် စစ်ကောင်စီ၏ ရဲတစ်ဦးအား လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၉ ရက်) နေ့လယ် ၁၂ နာရီခန့်က ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစောထီးကျေးရွာအား မြိုင်ပကဖနှင့် PKU Thurain အဖွဲ့တို့ပူးပေါင်း၍ အနီးကပ်ချောင်းမြောင်းချိန်တွင် တစ်ဦးတည်းထွက်လာသော ရဲအား ဝိုင်းဝန်းပိတ်ဆို့၍ ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းရဲတပ်သားမှာ အနောက်ဘုန်းကံရွာ၌ တာဝန်ကျနေသည့် ရဲတပ်သား အာကာဖြိုးဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ G3 သေနတ် ၁ လက်၊ လက်ပစ်ဗုံးနှင့် ကျည်များ သိမ်းဆည်းရကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးရမိသော ရဲအား တွေ့ရစဥ်။ ဓာတ်ပုံ – မြိုင်ပကဖ

“သူက တစ်ယောက်တည်း ထွက်လာတာ။ သူတို့ပျူရွာထိပ်တင်ဆိုတော့ သူကပေါ့ပေါ့ပဲလာတာ။ ကျွန်တော်တို့အဖွဲ့တွေ ရွာနားကပ်နေတာနဲ့အကိုက်ကျသွားတာ။”ဟု PKU Thurain အဖွဲ့ခေါင်းဆောင် ကိုသူရိန်က ပြောသည်။

ယမန်နေ့ကပင် ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး Earthquake People`s Defence Force အဖွဲ့ထံ အလင်းဝင်ခဲ့သေးသည်။

ပခုက္ကူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် သြဂုတ်၂၁ရက်က ကိုင်းတောမကျေးရွာအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံးပြီး ဒုတပ်ကြပ် နှစ်ဦးအပါအဝင် ၅ဦးအား စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သည်။ထို့အပြင် လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းကျည်မျိုးစုံ သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးငွေညှစ်နေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက အသိပေးပါတယ်။