Connect with us

Hi, what are you looking for?

သတင်း

မုဒုံရှိ အမြောက်တပ်(၃၁၈)တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ် ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်

မွန်ပြည်နယ် မုဒုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကို ဒရုန်း၊ ရှေ့ာတိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုတွင်ပါဝင်သည့် မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ၏ အမတ(၃၁၈) တပ်ရင်းအား တိုက်ခိုက်ရန်ပြင်ဆင်နေသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း

မိုးမိုး/People’sSpring

မွန်ပြည်နယ် မုဒုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကို ဒရုန်း၊ ရှေ့ာတိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုတွင်ပါဝင်သည့် မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ပြည်သူလူထု၏ နေအိမ်များအား လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့် မုဒုံမြို့နယ်အဘစ်ကျေးရွာရှိ အာဏာသိမ်း စစ်ကောင်စီ၏ အမတ (၃၁၈တပ်ရင်းကို အောက်တိုဘာ ၈ရက် နံနက်ကစ၍ ၅နာရီကြာ ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း (Drone)များ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး- (NMSP-AD)၊ မွန်ပြည်တော်လှန်ရေးတပ် – (MSRF)တို့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို NMSP-AD၊ MSRF ၊ မွန်ပြည်ကာကွယ်ရေးတပ် – (MSDF) ၊ Saw Dragon Drone Force – SDDF (ဒရုန်းအထူးတပ်ဖွဲ့)၊ Ye Air Force – (YAF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်း(တပ်ခွဲ – ၂)၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -KBDF (ဒေါနတပ်ခွဲ – ၄)၊ ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်း – T5 နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး – (DDPDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု အသိပေးသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့များမှရှော့တိုက်ဒုံး ၊SF-Z ဒရုန်း (Drone) ဖြင့် တိုက်ခိုက်မှုကြောင့် အမတ – ၃၁၈ရှိလက်နက်ကြီး အထိုင်စခန်းနေရာထိခိုက်ပျက်စီးခဲ့ပြီး လက်နက်တိုက်နှင့် အခြားအဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

“မြေပြင်အတည်ပြုချက်အရ ၃ ဦးသေ ၁ ဦးဒဏ်ရာရပါတယ်”ဟု တိုက်ခိုက်ရာတွင်ပါဝင်သော ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ အထိအခိုက်မရှိခွာစစ်ဆင်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ကံပြားကျေးရွာကို စစ်ကောင်စီရဲ့ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲတွင်စစ်တပ်ဘက်ကလေကြောင်း၊ ဒရုန်းဖြင့် အပြင်းအထန်တိုက်ခိုက်၍ အမြောက်တပ်ရင်း (၃၆၆)နှင့် လေယာဉ်ကွင်းစသည့်နေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်ကပြန်လည်လက်လွှတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ရွှေဆိုင်ကို ဓားပြတိုက်သူများက ဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မြို့ခံများက ပြောသည်။