Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ အမြောက်တပ်နှင့် လေယာဉ်ကွင်းနေရာအချို့မှ KIAဆုတ်ခွာရ

ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲတွင်စစ်တပ်ဘက်ကလေကြောင်း၊ ဒရုန်းဖြင့် အပြင်းအထန်တိုက်ခိုက်၍ အမြောက်တပ်ရင်း (၃၆၆)နှင့် လေယာဉ်ကွင်းစသည့်နေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်ကပြန်လည်လက်လွှတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ဗန်းမော်မြို့ရှိ အမြောက်တပ်ရင်း (၃၆၆)အား စစ်တပ် ပြန်ရပြီးနောက်တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

ဩဂုတ်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲတွင်စစ်တပ်ဘက်ကလေကြောင်း၊ ဒရုန်းဖြင့် အပြင်းအထန်တိုက်ခိုက်၍ အမြောက်တပ်ရင်း (၃၆၆)နှင့် လေယာဉ်ကွင်းစသည့်နေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်ကပြန်လည်လက်လွှတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

“လေယာဉ်ဗုံး၊ဒရုန်းဗုံး မိုးရွာသလို အဆက်မပြတ် ပစ်နေကြလို့ လေယာဉ် ကွင်းနဲ့ အမတ(၃၆၆) နည်းနည်းဆုတ်ပေးထားတယ်ပြောတယ်။ အဲဒီလောက်ပဲ သိသေးတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ တဦးကလည်း “မနေ့ညနေပိုင်းကစ တချို့နေရာကနေ ဆုတ်ပေးထားတယ်ကြားတယ်။ အဓိကတော့ နည်းပညာ စစ်ပွဲပဲ။ တရုတ်နဲ့ ရုရှားဘက်က စကစကို နည်းပညာသာမကဘဲ ဒရုန်းနဲ့ ခေတ်မှီဗုံးတွေပါ ထောက်ပံ့ ပေးနေပြီလို့ သုံးသပ်ရတယ်” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁ရက်တွင် ဗန်းမော်မြို့သို့ ဆိုက်ကပ်လာနိုင်သည့် စစ်သင်္ဘောအုပ်စုနှင့်အတူ အဆိုပါ လက်နက်ခဲယမ်းများ သယ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗန်းမော်မြို့နေရာအချို့ကို KIAက လက်လွှတ်လိုက်ရသည့် သတင်းမှန်ပါက စိုးရိမ်ရန်လိုအပ်ကြောင်း၊ သီပေါ၊ ကျောက်မဲ၊မိုးကုတ်၊ ဗန်းမော် စသည့်မြို့နယ်များသည် KIAနှင့် တအာင်းတပ် TNLAနှစ်ဖွဲ့နှင့်သာ သက် ဆိုင်သည်ဟု မြင်၍ မရကြောင်း အဆိုပါ လေ့လာသူက ပြောသည်။

” နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေအားလုံးနဲ့ ဆိုင်တာမို့ ကိုယ့်တပ်ဖွဲ့နဲ့ အနီးဆုံး စကစ ကို တက်ညီလက်ညီ ထိုးစစ်ဆင်သင့်ပြီ”ဟုလည်းကချင်စစ်ရေးနိုင်ငံရေးလေ့လာသူက ပြောသည်။

စစ်ကောင်စီဝါဒဖြန့်သူအချို့ကလည်း KIA ပူးပေါင်းတပ် သိမ်းထားသည့် အမြောက်တပ် (၃၆၆) ၊ ဗန်းမော်လေဆိပ်နေရာများကို ပြန်လည်ရရှိကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနေရယူထားနိုင်သည့် ဓာတ်ပုံမှတ်တမ်းများ ဖော်ပြ ဝါဖြန့်လာသည်ကိုလည်းတွေ့ရသည်။

ဗန်းမော်တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။