Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ် လပြည့်နေ့ ရွှေတိဂုံ

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌ တော်နေ့၌ ရွှေတိဂုံဘုရားသို့‌လာရောက်သူများပြားခဲ့သည်။

ရောင်နီ / People’s Spring

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌ တော်နေ့၌ ရွှေတိဂုံဘုရားသို့‌လာရောက်သူများပြားခဲ့သည်။

ယနေ့နံနက် ၈ နာရီခန့်တွင်မိုးရွာခဲ့သော်လည်း ရွှေတိဂုံဘုရားသို့လာရောက်သူမှာ ယခင်လပြည့်နေ့များထက်များပြားကြောင်း ဘုရား၌ဈေးရောင်းသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဘုရား၏ လေးဘက်လေးတန် တန်ဆောင်းများ၊ လှေခါးများတွင် လူများကြိတ်ကြိတ်တိုးခဲ့ပြီး လူမတိုးနိုင်သောကြောင့် ပြန်သွားရသူများလည်းရှိခဲ့သည်။

ယခင်က ရုံးပိတ်ရက်ရှည်များတွင် ကိုယ့်ဒေသများကို ပြန်ကြသော်လည်း လက်ရှိအချိန်သည် စစ်ဘေးကြောင့် နေရပ်ပြန်မရသူအများအပြားရှိနေ၍ ယခုကဲ့သို့ လူများကြိတ်ကြိတ်တိုးခြင်းဖြစ်နိုင်ကြောင်း ဘုရားဖူးတစ်ဦးက ပြောသည်။

ဘုရားသို့ လာရောက်သူများသည် ယနေ့တစ်ရက်တာအတွက် အစားအသောက်များကိုပါပြင်ဆင်လာကြပြီး ဘုရားကဆင်းလျှင် ပြည်သူ့ရင်ပြင် ၊ တိရစ္ဆာန်ဥယာဉ် ၊ ဟက်ပီးဝါးသို့သွားရောက်ရန် စီစဉ်ထားကြောင်း ဘုရားဖူးပြည်သူများကပြောသည်။

ဘုရားဖူးများပြားသောကြောင့် လုစုကွဲသွားသူများနှင့်ပတ်သက်၍လည်း ဘုရားပြန်ကြားရေးအဖွဲ့မှ အကြိမ်ကြိမ်ကြေညာနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကဆုန်လပြည့်နေ့တွင် ရန်ကုန်မြို့၌ အပူချိန်မြင့်‌ နေသော်လည်း ရွှေတိဂုံဘုရားသို့ လာရောက်သူများပြားခဲ့သည်။

ဗီဒီယို

တတ်သူ၊ ဆင်းသူ များပြားလွန်းတာကြောင့် စောင်းတန်းတွေမှာ တိုးဝှေ့နေရတယ်လို့ ဘုရားဖူးတွေကပြောပါတယ်။

ဗီဒီယို

အခုရက်ပိုင်း ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ ပေါက်ကွဲပစ်ခတ်မှုတွေဖြစ်ပွားနေပေမယ့် ဒီနေ့မှာတော့ ပေါက်ကွဲမှုသတင်းတွေ သိပ်မတွေ့ရသေးပါဘူး။