Connect with us

Hi, what are you looking for?

ဗီဒီယို

ရွှေတိဂုံတောင်ဘက်မုခ်မှာ ကျည်ထွက်တဲ့သတင်းထွက်နေပေမယ့် ဘုရားမှာလူစည်

အခုရက်ပိုင်း ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ ပေါက်ကွဲပစ်ခတ်မှုတွေဖြစ်ပွားနေပေမယ့် ဒီနေ့မှာတော့ ပေါက်ကွဲမှုသတင်းတွေ သိပ်မတွေ့ရသေးပါဘူး။

ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကားဝန်းမှာ အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးမှုရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တာကြောင့် ဘုရားဖူးတွေများပြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၈ ရက် နေ့လည် ၁၁ နာရီခွဲလောက်က ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကားဝန်းမှာတာဝန်ကျတဲ့ ရဲတပ်သားတစ်ဦးထံက ကျည်ထွက်ပြီး အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုထိမှန်သေဆုံးသွားတယ်လို့ Bahan Information ရဲ့ ဖေ့စ်ဘွတ်ခ်မှာ သတင်းဖော်ပြထားပါတယ်။

အခုရက်ပိုင်း ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ ပေါက်ကွဲပစ်ခတ်မှုတွေဖြစ်ပွားနေပေမယ့် ဒီနေ့မှာတော့ ပေါက်ကွဲမှုသတင်းတွေ သိပ်မတွေ့ရသေးပါဘူး။

အနိုင်ငံရေးအခြေအနေတွေ မကောင်းသလို ကိုဗစ်ရောဂါဖြစ်ပွားမှုတွေလည်း ရှိနေသေးပေမယ့် ဘုရားပေါ်မှာတော့ လူတွေစည်ကားခဲ့ပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက်လိုအပ်တဲ့ လက်ဆေးဖို့ ဘုရားရဲ့ မုခ်ပေါက်တွေမှာ ဘေစင်တွေ ပြင်ဆင်ထားပေမယ့် ဘုရားဖူးအချို့ကသာ အသုံးပြုတာတွေ့ရပါတယ်။

ညနေပိုင်းအထိ ဘုရားဖူးများတဖွဲဖွဲ ရောက်ရှိလာပြီး ဆီမီးလှူဖို့ပြင်ဆင်နေတာတွေလည်းတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကဆုန်လပြည့်နေ့တွင် ရန်ကုန်မြို့၌ အပူချိန်မြင့်‌ နေသော်လည်း ရွှေတိဂုံဘုရားသို့ လာရောက်သူများပြားခဲ့သည်။

သတင်း

သီတင်းကျွတ်လပြည့်ည ရွှေတိဂုံဘုရားပေါ်တွင် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ - NGYSCမှ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

သတင်း

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌ တော်နေ့၌ ရွှေတိဂုံဘုရားသို့‌လာရောက်သူများပြားခဲ့သည်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။