Connect with us

Hi, what are you looking for?

ဗီဒီယို

ဝါဆိုလပြည့်နေမှာ ဘုရားဖူးတွေ စည်နေတဲ့ ရွှေတိဂုံ

တတ်သူ၊ ဆင်းသူ များပြားလွန်းတာကြောင့် စောင်းတန်းတွေမှာ တိုးဝှေ့နေရတယ်လို့ ဘုရားဖူးတွေကပြောပါတယ်။

ဝါဆိုလပြည့်နေ့မှာတော့ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြှော်သူများပြားခဲ့ပါတယ်။

အခါကြီး ရက်ကြီးတွေတိုင်း ဘုရားတွေမှာ လူစည်ကားလေ့ရှိသလို ဒီနေ့က ဘုရားပြန်ဖွင့်ပြီးချိန်မှာ လူအများဆုံးလာတဲ့‌နေ့လို့ပြောလို့ရတယ်လို့ စောင်းတန်းကဈေးရောင်းသူတွေကဆိုပါတယ်။

မနက်အစောပိုင်းကတည်းက မိုးရွာနေပေမယ့်လည်း ဘုရားပေါ်မှာလူစည်ကားနေခဲ့တာပါ။

တတ်သူ၊ ဆင်းသူ များပြားလွန်းတာကြောင့် စောင်းတန်းတွေမှာ တိုးဝှေ့နေရတယ်လို့ ဘုရားဖူးတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

လူတွေတော်တော်များတာကြောင့် တချို့လူစုကွဲသူတွေက အလှူခံတဲ့နေရာတွေကနေ ဘယ်သူတော့ ဘယ်ရောက်နေတယ်ဆိုတာမျိုးအော်ပေးနေတာတွေလည်းကြားခဲ့ရပါတယ်။

တချို့မိသားစုတွေက တစ်နေကုန်ဘုရားမှာနေဖို့ အစားအသောက်တွေကိုပါထုပ်လာပြီး ဘုရားပေါ်က ဇရပ်တွေမှာ စားနေကြတာ‌တွေလည်း‌တွေ့ခဲ့ရပါတယ်။

ရန်ကုန်မှဦရှိတဲ့ အခြားနာမည်ကြီးဘုရားတွေကို ဆက်သွားဖို့ အစီအစဉ်ဆွဲပြီးပြင်နေကြတဲ့ ဘုရားဖူးတွေလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကဆုန်လပြည့်နေ့ မှာ ညောင်ရေသွန်းပွဲပြုလုပ်တဲ့ အစဉ်အလာအရ ရွှေတိဂုံဘုရားရင်ပြင်ရဲ့ ထောင့်တွေမှာရှိတဲ့ ညောင်ပင်တွေကို ရေသွန်းလောင်းသူတွေစည်ကားခဲ့ပါတယ်။

သတင်း

မြန်မာ့နှစ်သစ် နှစ်ဆန်းတစ်ရက်မှာ ရွှေတိဂုံဘုရားကို လာရောက်ဖူးမြှော် ကုသိုလ်ယူကြသူများအားတွေ့ရစဥ်။

ဆောင်းပါး

ကလေးတွေ ဒီဇင်ဘာကျောင်းပိတ်ရက် နဲ့ နှစ်သစ်ကူးကာလမှာ အပြေးအလွှားနဲ့ ပုဂံကိုချီတက်ခဲ့ကြသူတွေ၊ ချီတက်ကြမယ့်သူတွေအတွက် ခြောက်ခြားစရာ သတင်းတစ်ပုဒ် မနေ့က တက်လာခဲ့ပါတယ်။ ပုဂံညောင်ဦးကို အလည်လာတဲ့ မအူပင်မြို့က ဧည့်သည်ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးသွားတဲ့သတင်းပါ။

သတင်း

မန္တလေးတိုင်း ၊ ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားကိုတားပြီး ပြန်ပေးဆွဲမှုဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။