Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့သိမ်းတိုက်ပွဲ ပြင်းထန်၊စစ်ကောင်စီ လေကြောင်း ပစ်ကူပေး

ချင်းပြည်နယ် ထန်တလန်မြို့၌ ချင်းပြည်ကောင်စီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်ကောင်စီပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Chinland News

ထားမြတ်/People’s Spring

ချင်းပြည်နယ် ထန်တလန်မြို့ချင်းပြည်ကောင်စီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)၊ချင်းဒေသကာကွယ်ရေးတပ်(CDF)များ ပူးပေါင်းဖွဲ့စည်းထားသည့်ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ကာကွယ်ရေး တပ်ဖွဲ့များက ထန်တလန်မြို့ အပြီးသတ်သိမ်းနိုင်ရေးတိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂၂ရက် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ကျနော်တို့ဘက်မှာလည်း၁ယောက်ထိခိုက်မှု ရှိပါတယ်။အဓိက တိုက်ပွဲကတော့ ရဲစခန်းမှာပေါ့နော်။

သိမ်းနိုင်တာတော့မရှိသေးပါဘူး။ မနေ့ကနဲ့ ဒီနေ့စကစ လေယာဉ်နဲ့လာဗုံးကြဲလို့ခြောက်ကြိမ်လောက်ဗုံးကြဲတိုက်ခိုက်ပါတယ်။ အဲဒီလိုမျိုးပဲသတင်းကြားရပါတယ်။ဆက်လက်ပြီးမှတိုက်ပွဲပြင်းထန်ပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့သည် ဇူလိုင်တတိယပတ်မှစ၍ ထန်တလန်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ဟားခါး-ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းများကို ဦးစွာသိမ်းပိုက်ခဲ့သည်။

ဩဂုတ်လဆန်းတွင် ထန်တလန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ကုန်းကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရှိ နေရာ ၄ခုတွင် တပ်စွဲ ခုခံခဲ့သည်။

ထို့နောက်ပိုင်းတွင် ချင်းပူးပေါင်းတပ်က လိုင်ဗီလာတည်းခိုခန်းရှိ စစ်ကောင်စီ ယာယီတပ်စွဲရာနေရာ၊ CBဘဏ်ရှိ စစ်ကောင်စီယာယီတပ်စွဲရာနေရာတို့ကို သိမ်းပိုက်ခဲ့ပြီး လက်ကျန်နှစ်နေရာ၌ တိုက်ပွဲများ ဖြစ်ခဲ့သည်။

စစ်ကောင်စီတပ်သည် ရဲစခန်း၊ ထွေအုပ်ရုံးနေရာ နှင့် NLDပါတီ ရုံးအဆောက်အဦး နေရာတို့၌ တပ်စွဲထားခြင်းဖြစ်ပြီး အဆိုပါ လက်ကျန်တပ်စွဲရာနေရာများ မကျရေးအတွက် စစ်ကောင်စီက လေကြောင်း လက်နက်ကြီး ပစ်ကူသုံးပြီး ထန်တလန်ကို မြေပြင်မှ စစ်အင်အားဖြည့်တင်းနိုင်ရေး ကြိုးပမ်းလျက်ရှိရာ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။