Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် DKBA တပ်ဖွဲ့ဝင်အချို့သေဆုံး

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

DKBA တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ - DKBA

ဖေဖော်ဝါရီ – ၂၅ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သင်္ဃန်းညီနောင်ဒေသအနီး ဖလူး၊ ကျောက်ခက်ဒေသ ဆီ ဆက်သွယ်ထားတဲ့တောလမ်းတစ်နေရာမှာ စစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

ဒေသခံအချို့ရဲ့ပြောပြချက်အရ DKBAတပ်ဖွဲ့ ဝင်တွေလိုက်ပါလာတဲ့ကားနဲ့ အရပ်သားကားတို့ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

People’s Spring က ကြည့်ရှုရတဲ့ ဓာတ်ပုံအရ မြေသားလမ်းတစ်နေရာမှာတိုယိုတာအမျိုးအစား ဟိုင်းလတ် ( Hilux) ကားဘေးအမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရပြီး နဲ့ လဲကျနေတာတွေ့ရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် DKBA တပ်ဖွဲ့ဝင်နှစ်ဦး၊အရပ်သားသုံးဦး စုစု ပေါင်း ငါးဦး သေဆုံးတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

သေဆုံးသွားတဲ့ DKBA တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ နာရေးကို DKBA ထိန်းချုပ်နယ်မြေအတွင်း ဒီနေ့ (ဖေဖော်ဝါရီ ၂၅ ရက်)မှာ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

တပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ပတ်သက်ပြီး DKBA ဘက်ကတော့ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဒရုန်းတိုက်ခိုက်ခံရတဲ့ မဲကနယ်-ဖလူး-ကျောက်ခက် တောလမ်းပိုင်းဟာ အရပ်သားကားတွေ သွားလာနေတဲ့အပြင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တပ်ဖွဲ့လည်း အများဆုံးအသုံးပြုတာလို့ မြဝတီနယ်ခံ သတင်းရင်းမြစ်တစ်ဦးက မြေပြင်အခြေအနေကို ပြောပါတယ်။

တဖက်မှာလည်း မဲကနယ်-ဖလူး-ကျောက်ခက်တောလမ်းအနီးဝန်းကျင် ရသေ့ဂူ၊ ဖလူး၊ မင်းလက်ပံကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးထိန်းချုပ်ဖို့အတွက် စစ်ရေးလှုပ်ရှားတာတွေ ရှိနေတာပါ။

ဒါအပြင်ဒရုန်းနဲ့တိုက်ခိုက်တာ၊လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိနေတာကြောင့် သွားလာရာမှာ အထူးသတိပြုကြဖို့၊ အထူးသဖြင့် အဲဒီလမ်းပိုင်းကို အသုံးပြု တာကို ရှောင်ရှားသွားလာကြဖို့လည်း ဒေသခံအချင်းချင်းကြား သတိပေးတာတွေလည်း ရှိနေပါတယ်။

DKBA ဟာဦးသိန်းစိန်အစိုးရလက်ထက်ကတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့ဖြစ်ပြီး နေပြည်တော်မှာ အာဏာသိမ်းစစ်ကောင်စီ နဲ့လည်း တွေ့ဆုံဆွေးနွေးမှု ရှိခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားရဲ့ အကြီးမားဆုံး အွန်လိုင်း လက်လီ ရောင်းချမှု လုပ်ငန်းစုကြီး တစ်ခုရဲ့ ကုန်လှောင်ရုံတွေက ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့မြို့တော်မော်စကိုမှာသိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့တဲ့နောက် နိုင်ငံရဲ့ဒရုန်းတိုက်ခိုက်ရေး စွမ်းရည်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ချီးကျူးခဲ့ပါတယ်။

နိုင်ငံတကာ

ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် နိုင်ငံရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှု အကြီးစား တစ်ခုကြောင့် ယူကရိန်းမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။