Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံးကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့ ‌ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးကို မိနစ်ပိုင်းသာခြား၍ ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Armyမှ တာဝန်ရှိသူက လူထူနွေဦးသို့ ပြောသည်။

သတိုး,People’s Spring

ရန်ကုန်မြို့ ‌ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးကို မိနစ်ပိုင်းသာခြား၍ ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Armyမှ တာဝန်ရှိသူက လူထူနွေဦးသို့ ပြောသည်။

“မိနစ်ပိုင်းပွဲကွာမယ်။ နှစ်နေရာကို တစ်ခါတည်းဆော်တာ။ သုံးလုံးစီစိမ့်စိမ့်လေး ကျွေးခဲ့တယ်” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၃ရက် ည ၈နာရီခန့်တွင် ရွှေပြည်သာမြို့နယ် (၂)ရပ်ကွက် နှင့် (၂၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို Yangon Army နှင့် အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

“ပြည်သူအပေါ်အမျိုးမျိုး ပထွေးအားကိုးနဲ့ နှိပ်စက်နေတဲအုပ်ချူပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ဆယ်အိမ်မှူးတွေဆီ တနေ့မဟုတ် တနေ့ကျနော်တို့ အရောက်လာခဲ့ပါမယ်လို့ ပြောချင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယနေ့ညတွင် ရွှေပြည်သာမြို့နယ်၌ ပေါက်ကွဲသံ သုံးကြိမ်ဆက်တိုက်ကြားရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်ဟု Hlaing Infoက ဖော်ပြထားသည်။

Yangon Army အနေဖြင့် စစ်ကောင်စီအလိုကျတရားမဝင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်နေသူများအားထိထိရောက်ရောက်တိုက်ခိုက်မည်ဟု ကြေညာထားပြီး အုပ်ချုပ်ရေးမှုးရုံးများကို ဆက်တိုက်တိုက်ခိုက်မှုပြုလုပ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်ကလည်း ရွှေပြည်သာမြို့နယ်ရှိ (၁၉)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက(၁)ကျောင်းမှာ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။