Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာ အထက(၁)ကျောင်းမှာ ကျောင်းသားချင်းခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦး သေဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက(၁)ကျောင်းမှာ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၂၇ ၊၂၀၂၆။မိုမို/People’s Spring

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက(၁)ကျောင်းမှာ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က(ဇန်နဝါရီ ၂၇ရက်) ရွှေပြည်သာမြို့နယ် အထက (၁) ကျောင်းအတွင်း ကျောင်းသားချင်း ခိုက်ရန်ဖြစ် ထိုးကြိတ်မှုကနေ Grade-7 ကျောင်းသားဖြစ်သူ မောင်မိုးသူရိန် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

“သူ့ထက်အတန်ကြီးကျောင်းသားက ထိုးတာ။ထိုးခံရတဲ့နေရာမှာပဲ သေသွားတာ။ကလေးက နဂိုကတည်းက နှလုံးရောဂါအခံရှိတယ်”လို့ ဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ကျောင်းတာဝန်ရှိသူတွေက သေဆုံးခဲ့တဲ့ ကျောင်းသားရဲ့မိဘတွေကို ဘောလုံးကစားစဥ် အမောဖောက်သေဆုံးတယ်ဆိုပြီး ပြောဆိုထားတယ်လို့ သိရပါတယ်။

“သက်​သေ ရုပ်သံဖိုင်ရှိတယ်။ဘာမှ ငြင်းမရဘူး။တချက်ထဲ ထိုးတယ်တောင်ပါသေးတယ်။အဓိကတော့ အခု နောက်ပိုင်းကလေး နဲ့ လူငယ်တွေ ကြား အကျင့်စရိုက်တွေ အတော်ကို ပျက်စီးနေကြတယ်”လို့ ရွှေပြည်သာမြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မြို့ရဲ့ လူစည်းကားရာ ကမာရွတ်မြို့နယ် လှည်တန်းမှာ လူငယ်တွေ အုပ်စုဖွဲ့ရန်ဖြစ်တာ ရှိခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်၊ မန္တလေးအပါအဝင်မြို့ကြီးအချို့မှာ စာသင်ကျောင်းတွေအတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ဖြစ်စဥ်တွေများစွာရှိလာခဲ့ပြီး အဲဒီဖြစ်စဥ်တွေက စစ်တပ်အာဏာသိမ်းပြီးပိုမိုဆိုးရွားလာတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဒါ့အပြင် လုယက်၊ဓားပြတိုက်တဲ့ဖြစ်စဥ်တွေကလည်း နေ့စဥ် ဖြစ်ပွားနေပေမယ့် ကျူးလွန်သူတွေကို ထိရောက်တဲ့ ဖမ်းဆီးအရေးယူမှုတွေ မတွေ့ရဘူးလို့ ပြည်သူတွေက ဝေဖန်နေပါတယ်။

ရုပ်သံ – Shwe Pyi Thar Information

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရမှု ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့ ‌ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးကို မိနစ်ပိုင်းသာခြား၍ ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Armyမှ တာဝန်ရှိသူက လူထူနွေဦးသို့ ပြောသည်။