Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာအထည်ချုပ်စက်ရုံမီးလောင်မှု အလုပ်သမား ၂ဦးသေဆုံး

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

M-Brother စက်ရုံမီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ − ရွှေပြည်သာအရန်မီးသတ်

ဖေဖော်ဝါရီ-၁၈၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

မီးလောင်တဲ့ စက်ရုံမှာ M-Brother ဖြစ်ပြီး စက်ရုံတစ်ခုလုံး လောင်ကျွမ်းကာ အလုပ်သမား ၂ဦးသေဆုံးတာ အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၈ရက် နေ့လည် ၁၂ နာရီကျော်မှာ မီးလောင်မှုစတင်ခဲ့တာဖြစ်ပြီး အထည်လိပ်တွေ မီးလောင်နေတာကြောင့် မီးများခဲ့တယ်လို့ သွားရောက်မီးငြှိမ်းသတ်နေသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုကို Level-2 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်နေတာဖြစ်ပြီး နေ့လည် ၁ နာရီ ၄၀မိနစ်မှာ မီးထိန်းနိုင်ခဲ့ပေမယ့် ဆက်လက်မီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ မီးသတ်တွေက ဆိုပါတယ်။

အထည်ချုပ်စက်ရုံရဲ့ နှစ်ထပ်ဆောင် အောက်ထပ်မှာလောင်နေတာဖြစ်ပြီး မီးခိုးတွေလည်းများတာကြောင့် မီးသတ်တွေဝင်‌ရောက်ငြှိမ်းသတ်ဖို့ ခက်ခဲခဲ့တယ်လို့လည်း သိရပါတယ်။

မီးသတ်တပ်ဖွဲ့ကတော့ မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးငြှိမ်းသတ်နိုင်တဲ့အချိန်ကို လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

(M-Brother စက်ရုံမီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ − ရွှေပြည်သာအရန်မီးသတ်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖိနပ်စက်ရုံ မီးလောင်ရာက လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။