Connect with us

Hi, what are you looking for?

သတင်း

BPLA အညာဒေသတပ်ရွှေ့ပြီး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမည်

အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းများ၊ အခြားတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ကြိုးစားသွားမည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက ၎င်း​၏ လူမှုကွန်ရက်မှတဆင့် ယနေ့ အသိပေးသည်။

BPLA ရဲဘော်များ။ ဓာတ်ပုံ - Maung Saungkha

ဂျာမုန်း/People’s Spring

အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းများ၊ အခြားတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ကြိုးစားသွားမည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက ၎င်း​၏ လူမှုကွန်ရက်မှတဆင့် ယနေ့ အသိပေးသည်။

NUGကာကွယ်ရေးဝန်ကြီးနှင့်အတူတွေ့ရသော BPLA ကွပ်ကဲရေးမှူး။ ဓာတ်ပုံ – Maung Saungkha

ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်”ဟု BPLAကွပ်ကဲရေးမှူး ကိုဆောင်းခက လူမှုကွန်ရက်မှတဆင့် အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် BPLAသည် NUG လက်အောက်ခံတပ်မဟုတ်ကြောင်းကိုလည်း ထပ်လောင်းအသိပေးထားသည်။

“သေချာတာတခုကတော့ BPLAဟာ NUG/MOD လက်အောက်ခံတပ် မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်”ဟု ကိုဆောင်းခက ဆိုသည်။

BPLAအနေဖြင့် တပ်တည်ထောင်ခြင်း (၃) နှစ်ကျော်ကာလအတွင်း ကနဦးအနေဖြင့် ကရင်ပြည်နယ် အမှတ်(၁၀၇)စစ်ဒေသနှင့် ရှမ်းမြောက်အခြေစိုက်အမှတ် (၂၀၃) စစ်ဒေသဟူ၍ အခြေစိုက်လှုပ်ရှားနယ်မြေ နှစ်နေရာရှိပြီး ယခုအခါ အညာဒေသ၌ပါ တိုက်ပွဲဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း ၁၀၂၇စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့ပြီးနောက် အဆိုပါ စစ်ဆင်ရေး (၁)နှစ်ပြည့်သည့် အောက်တိုဘာ ၂၇ရက်တွင် BPLAကွပ်ကဲရေးမှူးက အသိပေးသည်။

“ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”ဟု ကိုဆောင်းခက ရေးသားထားသည်။

လတ်တလောအနေဖြင့် BPLAသည် ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးနှင့် ကရင်ပြည်နယ်အတွင်း ဖာပွန်မြို့သိမ်းစစ်ဆင်ရေးတို့၌ ဒေသခံတိုင်းရင်းသားတော်လှန်ရေးတပ်များနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်။

ထို့အပြင် တိုက်ပွဲဖော်ဆောင်သည့်ဒေသများ တိုးချဲ့လာသည့်အလျှောက် တပ်အင်အားဖြည့်တင်းရန် တပ်သားသစ်စုဆောင်းနေကြောင်းကိုလည်း အောက်တိုဘာ၁၃ရက်တွင် BPLAက အသိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

​အာဏာသိမ်းစစ်တပ်က အညာဒေသမှာ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အပေါ် မဘသအဖွဲ့ခေါင်းဆောင်ဟောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက လူမှုကွန်ရက်ကနေဝေဖန်လိုက်ပြီး မီးရှို့မှုတွေ ချက်ချင်းရပ်တန့်ဖို့ မေလ ၂၉ ရက်က တောင်းဆိုလိုက်ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

အညာဒေသမှာ KPayအကောင့် ဝယ်ယူနေတာတွေဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။