Connect with us

Hi, what are you looking for?

သတင်း

အညာဒေသ မီးရှို့ဖျက်ဆီးနေတဲ့စစ်တပ်ကို မကွေးကျောင်းတိုက် ဆရာတော်ဝေဖန်

​အာဏာသိမ်းစစ်တပ်က အညာဒေသမှာ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အပေါ် မဘသအဖွဲ့ခေါင်းဆောင်ဟောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက လူမှုကွန်ရက်ကနေဝေဖန်လိုက်ပြီး မီးရှို့မှုတွေ ချက်ချင်းရပ်တန့်ဖို့ မေလ ၂၉ ရက်က တောင်းဆိုလိုက်ပါတယ်။

​အာဏာသိမ်းစစ်တပ်က အညာဒေသမှာ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အပေါ် မဘသအဖွဲ့ခေါင်းဆောင်ဟောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက လူမှုကွန်ရက်ကနေဝေဖန်လိုက်ပြီး မီးရှို့မှုတွေ ချက်ချင်းရပ်တန့်ဖို့ မေလ ၂၉ ရက်က တောင်းဆိုလိုက်ပါတယ်။

​မေ ၃၀၊ ၂၀၂၆။ဇေအောင်/People’s Spring

​အာဏာသိမ်းစစ်တပ်က အညာဒေသမှာ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အပေါ် မဘသအဖွဲ့ခေါင်းဆောင်ဟောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက လူမှုကွန်ရက်ကနေဝေဖန်လိုက်ပြီး မီးရှို့မှုတွေ ချက်ချင်းရပ်တန့်ဖို့ မေလ ၂၉ ရက်က တောင်းဆိုလိုက်ပါတယ်။

မဘသအဖွဲ့ခေါင်းဆောင်ဟောင်းဖြစ်ပြီး မကွေးကျောင်းတိုက်ဆရာတော်လို့ လူသိများတဲ့ ဦးပါမောက္ခဟာ သူ့ရဲ့ TikTok လူမှုကွန်ရက်ကနေ စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူတွေ အလွန်အမင်း စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေရကြောင်း မိန့်ကြားခဲ့တာပါ။

“ဘုန်းကြီးတို့ အင်တာနက်ဖွင့်ကြည့်တဲ့အခါမှာ အညာဒေသမှာ စစ်ကြောင်းထိုးသည်ဆိုကာ ရွာတွေကို ဆက်တိုက်မီးရှို့နေသည်ကို တွေ့ရှိရပါတယ်။ သက်ဆိုင်ရာ နိုင်ငံတော်အကြီးအကဲအနေဖြင့် မီးရှို့ရုံမျှဖြင့် ငြိမ်းချမ်းရေးမရနိုင်ပါ။ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီးတော့ သွားဖို့ ဆရာတော်က မေတ္တာရပ်ခံအပ်ပါတယ်”လို့ မကွေးကျောင်းတိုက်ဆရာတော်က မိန့်ကြားပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/reel/2169312237245994

စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် စိတ်ဆင်းရဲစရာ အခြေအနေတွေကိုပဲ မြင်တွေ့နေရပြီး ဒုက္ခရောက်နေရသူတွေဟာ မြန်မာနိုင်ငံသားတွေ

သာဖြစ်လို့ မီးရှို့ခြင်းကို ရပ်တန့်ဖို့ တာဝန်ရှိသူတွေကို တောင်းဆိုကြောင်း မိန့်ကြားချက်မှာ ပါရှိပါတယ်။

.”အမြန်ဆုံး မီးရှို့တာတွေ၊ စစ်ကြောင်းထိုးတာကိုတော့ ဘုန်းကြီးက အခုဟာက အကုန်လုံး လူမှန်သမျှ မိသားစုမှန်သမျှ အကုန်လုံး စိတ်ဆင်းရဲနေရပါတယ်။ တော်တော်လေးကို ဆိုးရွားနေပါတယ်။ သက်ဆိုင်ရာ အကြီးအကဲများအနေဖြင့် ယခုစစ်ကြောင်းထိုးပြီးတော့ ရွာတွေကို မီးရှို့ခြင်းကိစ္စကို ရပ်ပေးပါ”လို့ ဆရာတော်ဦးပါမောက္ခက ထပ်လောင်းမိန့်ကြားထားပါတယ်။

မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခဟာ ယခင်က အမျိုးသားရေးနဲ့ မျိုးချစ်လှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်ခဲ့ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ရဲ့ခေါင်းဆောင် တစ်ပါး ဖြစ်ပါတယ်။ ၎င်းဟာ ၂၀၁၆ NLDပါတီအစိုးရလက်ထက်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာအသုံးအနှုန်းကို ဆန့်ကျင်ဆန္ဒပြခဲ့မှုကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၉ တို့နဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရဖူးပါတယ်။

​ယခုအခါ စစ်တပ်တွေရဲ့ အညာဒေသအပေါ် ဖိနှိပ်မီးရှို့နေတဲ့ လုပ်ရပ်တွေဟာ အလွန်အမင်းဆိုးရွားလာလို့ ယခင်က စစ်တပ်နဲ့ နီးစပ်ပတ်သက်တယ်လို့ သတ်မှတ်ခံရတဲ့ မဘသခေါင်းဆောင်ဟောင်းကပါ လူသိရှင်ကြား ဝေဖန်တောင်းဆိုလာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။