Connect with us

Hi, what are you looking for?

သတင်း

ကျန်းမာရေးဆိုးရွားနေချိန်မှ စစ်ကောင်စီလွတ်ငြိမ်းပေးတဲ့ ဝန်ကြီးဦးဝင်းခိုင် ကွယ်လွန်

မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် (ICU)မှာ ကုသမှုခံယူရင်း မနေ့က နိုဝင်ဘာလ ၈ရက် ည၁၀နာရီမှာ သေဆုံးသွားတာလို့ သိပါတယ်။

ကျန်းမာရေးဆိုးရွားနေချိန်မှ စစ်ကောင်စီလွတ်ငြိမ်းပေးတဲ့ ဝန်ကြီးဦးဝင်းခိုင် ကွယ်လွန်
ကျန်းမာရေးဆိုးရွားနေချိန်မှ စစ်ကောင်စီလွတ်ငြိမ်းပေးတဲ့ ဝန်ကြီးဦးဝင်းခိုင် ကွယ်လွန်

ဆိုင်းမင်း/People’s Spring

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ကျန်းမာရေးဆိုးရွားလာတာကြောင့် ဆေးရုံ မှာ အရေးပေါ်ကုသမှု ခံယူနေချိန်မှ စစ်ကောင်စီက လွတ်ငြိမ်းပေးခဲ့ပေမယ့် ၁၁ရက်အကြာမှာ ဆုံးပါးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံသိရပါတဘ်။

မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် (ICU)မှာ ကုသမှုခံယူရင်း မနေ့က နိုဝင်ဘာလ ၈ရက် ည၁၀နာရီမှာ သေဆုံးသွားတာလို့ သိပါတယ်။

နာရေးကို ဒီနေ့ မနက်ပိုင်း ၁၁နာရီမှာ ဆေးရုံကြီး ရင်ခွဲရုံကနေ အေးရိပ်ငြိမ်သုဿာန်ကို ပို့ဆောင်မီးသဂြိုဟ်မယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၇၃ နှစ်အရွယ် ဦးဝင်းခိုင် ထောင်တွင်းမှာ ကျန်းမာရေးဆိုးရွာလာလို့ မန္တလေးဆေးရုံကြီး အထူး ကြပ်မတ်ကုသဆောင်မှာ ကုသမှု ခံယူနေချိန် အောက်တိုဘာလ ၂၉ရက် နံနက်ပိုင်းမှာ စစ်ကောင်စီ က လွတ်ငြိမ်းခွင့် လာရောက်ဖတ်ကြားတာလို့ မန္တလေး စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။

ဦးဝင်းခိုင်ဟာ NLD အစိုးရ လက်ထက်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်ခံရသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲ ဖမ်းခံရသူဖြစ်ပါတယ်။

အဲဒီနောက် အဂတိပုဒ်မတွေနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် ၂၈ နှစ်ချခံရပါတယ်။

အကျဉ်းကျခံနေရချိန် မှာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မရခဲ့ဘူးလို့ သိရပါတယ်။

အောက်တိုဘာလ ပထမ ပတ်အတွင်းကလည်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးဆိုးရွားလာပြီး မန္တလေးဆေးရုံကြီးအထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူရင်းဆုံးပါးခါနီးအချိန်ရောက်မှ စစ်ကောင်စီက ဆေးရုံမှာ လွတ်ငြိမ်းခွင့် လာရောက်ဖတ်ကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။