Connect with us

Hi, what are you looking for?

သတင်း

KIA က​ဆော့​လော်မြို့နယ်၊ လန်ဆယ်ရွာကိုထပ်မံ သိမ်းပိုက်

ကန်ပိုက်တီမြို့သည်တရုတ်-မြန်မာနယ်စပ် တရားဝင် နယ်စပ်ဂိတ်ဖြစ်ပြီး အဆိုပါ ကန်ပိုက်တီမြို့နှင့်ပတ်သက်၍ အထူးဂရုစိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

(ဖီ​မော်မြို့နယ်ကို သိမ်းပိုက်ပြီး​နောက် မြို့အတွင်းKIA တပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-ကချင်​တောင်တန်း)
(ဖီ​မော်မြို့နယ်ကို သိမ်းပိုက်ပြီး​နောက် မြို့အတွင်းKIA တပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-ကချင်​တောင်တန်း)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ လန်ဆယ်ရွာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (နိုဝင်ဘာ ၁၀ရက်​နေ့) မနက်တွင် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က အသိပေးသည်။

စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ၏ ကချင်အထူးဒေသ(၁) နယ်မြေကို ထိုးစစ်ဆင်နေသည့် KIAက နိုဝင်ဘာ ၄ရက်တွင် ချီဖွေမြို့နယ် ကန်ဖန့်ရွာကို သိမ်းပိုက်ပြီး တစ်ပတ်ခန့်အကြာတွင် လန်ဆယ်ရွာကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်းရင်းမြစ်တဦးက ခေါန်လန်ဖူး(ဌာနေ) ပြည်သူ့စစ် နယ်မြေ လန်ဆယ်ရွာအား နိုဝင်ဘာ ၁၀ရက် မနက် ၅နာရီ အချိန်ခန့်တွင် KIAက သိမ်းပိုက်နိုင်ခဲ့ပြီး လုံခြုံရေး နှင့် စည်းရုံးရေးဆောင်ရွက်နေကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

လန်ဆယ်ရွာ သိမ်းပိုက်မှု အခြေအနေနှင့်ပတ်သက်၍KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား People’s Spring က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAသည် ကချင်အထူးဒေသ(၁)နယ်မြေအတွင်း စစ်ဆင်ရေးကို စက်တင်ဘာ လကုန်ပိုင်းက စတင်ခဲ့ရာ တစ်လ​ကျော်အတွင်း ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော မြို့များကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကန်ပိုက်တီမြို့နယ်အ​ခြေစိုက် အမှတ် ၁၀၀၂ နယ်ခြား​စောင့်တပ် အပါအဝင် စစ်​ကောင်စီလက်​အောက်ခံစခန်းများစွာကိုလည်း သိမ်းပိုက်ထားပြီး ကန်ပိုက်တီမြို့ သိမ်းပိုက်ရန်သာကျန်ရှိ​တော့သည်။

“ကန်ပိုက်တီ အထက်ပိုင်းတော်တော်များများတော့ သိမ်းပြီးပြီ။ ဒါပေမဲ့ ကိုးတန်ဆိုတဲ့ ဒီ လီဆူပြည်သူ့စစ်ရှိတဲ့ အဲဒီဘက်မှာ ရှိသေးတယ်” ဟု သတင်းရင်းမြစ်တဦးက ပြောသည်။

ကန်ပိုက်တီမြို့သည်တရုတ်-မြန်မာနယ်စပ် တရားဝင် နယ်စပ်ဂိတ်ဖြစ်ပြီး အဆိုပါ ကန်ပိုက်တီမြို့နှင့်ပတ်သက်၍ အထူးဂရုစိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

အခြားတဖက်တွင် တရုတ်အစိုးရက တရုတ်နယ်စပ်တွင်တိုက်ပွဲများရပ်ရန် KIA ကိုလည်းဖိအား​ပေးထားပြီး KIA ကသိမ်းပိုက်​သောမြန်မာ-တရုတ်နယ်စပ်မြို့ များရှိ နယ်စပ်ဂိတ်များကို တရုတ်အစိုးရက ဆက်တိုက်ပိတ်ထားသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းKIA က ကချင်ပြည်နယ်တွင် အနည်းဆုံးမြို့ ၁၃ မြို့ကို သိမ်းပိုက်ထားသည်။ထို့အပြင် ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ မဘိမ်းမြို့နယ် နှင့် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖက်ကာ ​ရွာ အပါအဝင် အနီးဝန်းကျင်မှ စစ်တပ်စခန်းများကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။