Connect with us

Hi, what are you looking for?

သတင်း

အောက်တိုဘာလအတွင်း ပြည်ပသို့ဆန်တန်ချိန် လေးသိန်းကျော်ဖြင့် စံချိန်တင်ပို့

စစ်ကောင်စီက ပြီးခဲ့သည့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင် ပြည်ပသို့ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၈၅၀ခန့်ရရှိခဲ့သည်။

(ဆန်ပြည်ပတင်ပို့ရန်သ​ဘော်​ပေါ်သို့တင်​နေစဥ်။ ဓါတ်ပုံ-File Photo)
(ဆန်ပြည်ပတင်ပို့ရန်သ​ဘော်​ပေါ်သို့တင်​နေစဥ်။ ဓါတ်ပုံ-File Photo)

▪︎နိုင်ငံတဝန်းတိုက်ပွဲများ​ကြောင့်စိုက်ပျိုး​မြေ​လျော့နည်းပြီး ​ရေကြီး​ရေလျှံမှု​ကြောင့်သီးနှံများပျက်စီးခဲ့သည့်ကြားမှ ဆန်ပြည်ပသို့စံချိန်တင်​​ရောင်းချခဲ့ခြင်းဖြစ်

တာရာ/People’s Spring

နိုင်ငံခြား​ငွေလိုအပ်နေသည့် စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကို သ​လောက်တင်ပို့​နေရာအောက်တိုဘာလအတွင်း စံချိန်တင်တင်ပို့ခဲ့ကြောင်း ဆန်စပါးအသင်းချုပ်ကထုတ်ပြန်သည့် အချက်အလက်များတွင်ဖော်ပြထားသည်။

စစ်ကောင်စီက အောက်တိုဘာလအတွင်း၌ ပြည်ပသို့ ဆန်တန်ချိန် ၄၂၀,၀၀၀ကျော်တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာနှစ် ခုနှစ်လအတွင်း ဆန်တင်ပို့မှု အများဆုံးဖြစ်လာသည်။ ဆန်တန်ချိန် ​လေးသိန်းနှစ်​သောင်းတင်ပို့ရာမှအမေရိကန် ဒေါ်လာ သန်း ၁၉၀ ခန့်ရရှိခဲ့သည်ဟုလည်းဆိုသည်။

ပြည်တွင်း၌ ဆန်​ကုန်သည်များ၊ဆန်​​ရောင်းချသူများကို ဆန်းတင်​ရောင်းသည်ဆိုကာဖမ်းဆီး​ထောင်ချပြီး ဆန်​ရောင်းချမှုကို တင်းကြပ်ထား​သော်လည်း စစ်​ကောင်စီကိုယ်တိုင်ကမူ ​နိုင်ငံခြား​ငွေရရန် ပြည်ပသို့ ဆန်တင်ပို့​ရောင်းချမှုကိုမူ တိုး၍ပြုလုပ်​နေခြင်းဖြစ်သည်။ထိုအပြင် တိုက်ပွဲများ​ကြောင့် ​ဒေသအချို့တွင် စပါးမစိုက်နိုင်သလို ၊မိုးကြီး ​ရေလွှမ်းမိုးမှု​ကြောင့် စပါးအပါအဝင်စိုက်ပျိုးသီးနှံများစွာပျက်စီး​နေသည့်ကြားမှ ဆန်တင်ပို့မှုကို ပိုလုပ်​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြည်ပကို တင်ပို့မှုက တန် ၂၁၀,၀၀၀ ကျော်သာရှိခဲ့၍ ​အောက်တိုဘာလဆန်တင်ပို့မှုမှ နှစ်ဆတိုးခဲ့ခြင်းဖြစ်သည်။ ယခုဘဏ္ဍာနှစ်(၂၀၂၄-၂၀၂၅ )ပထမ ​ခြောက်လ ဖြစ်​သော ဧပြီလမှ စက်တင်ဘာအထိ တစ်လလျင်တန်ချိန် နှစ်သိန်းဝန်းကျင်သာတင်ပို့ခဲ့ရာမှ ​အောက်တိုဘာလတွင် နှစ်ဆ တိုးပို့ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ပုဂ္ဂလိက ကုမ္ပဏီ ၆၀ ခန့်ကို အသုံးပြု ယခုဘဏ္ဍာနှစ် ခုနှစ်လအတွင်း ( ၂၀၂၄ ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃၁ရက်အထိ) ပြည်ပကို ဆန်တန်ချိန်စုစု​ပေါင်း ၁ဒသမ၃ သန်းကျော်တင်ပို့ပြီး ဒေါ်လာ သန်း ၆၅၀ခန့်ရရှိထားသည်။

“ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျနေချိန်မှာ ယခုလို ပြည်ပကို ဆန်တင်ပို့နေတာက ပြည်တွင်း စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီထံက ဆန်ဝယ်ယူသည့် နိုင်ငံများမှာ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ တရုတ်၊ နိုင်ဂျာနှင့် ပေါ်တူဂီနိုင်ငံတို့ဖြစ်သည်။

စစ်ကောင်စီက ပြီးခဲ့သည့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင် ပြည်ပသို့ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၈၅၀ခန့်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက ပြည်တွင်း၌ ဆန်​ဈေးကွက်ကို နည်းမျိုးစုံသုံး၍ ကန့်သတ်ထား​ပြီး သတ်မှတ်​ဈေးနှုန်းဖြင့်ဝယ်လိုပါကတန်းစီဝယ်​နေရ​သော်လည်းသြဂုတ်လအတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှာ ယခင်နှစ် ကာလတူကထက်သုံးဆ​ကျော်ပိုများ​ခဲ့သည်။

သတင်း

ပြည်တွင်း၌ ဆန်ဈေးကြီးပြီး ဆန်​​​​ရောင်းဝယ်သူများကို ဖမ်းဆီးခြိမ်း​ခြောက်​နေ​သော်လည်း စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကိုမူ တိုးပို့နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှသိရသည်။ 

သတင်း

ပြည်တွင်း၌ ဆန်ဈေးကြီးပြီး ဆန်​​​​ရောင်းဝယ်သူများကို ဖမ်းဆီးခြိမ်း​ခြောက်​နေ​သော်လည်း စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကိုမူ တိုးပို့နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှသိရသည်။ 

သတင်း

ပြည်ပသို့ စနစ်တကျ ဆန်တင်ပို့ရောင်းချနိုင်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆိုကာ ဆန်စပါးသို့လှောင်မှုအခြေအနေကို သိရှိလို၍ဖြစ်သည်ဟုစစ်ကောင်စီကအ​ကြောင်းပြထားသည်။

Facebook