Connect with us

Hi, what are you looking for?

သတင်း

ရွာငံမြို့အဝင်စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး ရဲမှုးသေဆုံး

ရွာငံ- အောင်ပန်းလမ်းပိုင်း ရဲ့ ရွာငံမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မနေ့ နေ့ခင်းပိုင်းက တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တာ လို့ သိရပါတယ်။

ရွာငံမြို့စစ်ဆေးဂိတ်ကို ၂၀၂၂ ခုနှစ်က တွေ့မြင်ရစဉ်
ရွာငံမြို့စစ်ဆေးဂိတ်ကို ၂၀၂၂ ခုနှစ်က တွေ့မြင်ရစဉ်

ဆိုင်းမင်း/People’s Spring

ရှမ်းပြည်တောင်ပိုင်း ၊ ရွာငံမြို့အဝင် စစ်ဆေးရေးဂိတ်မှာ မနေ့ နိုဝင်ဘာလ ၁၄ ရက်က ပစ်ခတ်မှု ဖြစ်ပွာပြီး ရဲမှုးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ရွာငံ- အောင်ပန်းလမ်းပိုင်း ရဲ့ ရွာငံမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မနေ့ နေ့ခင်းပိုင်းက တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တာ လို့ သိရပါတယ်။

” ရဲမှူးတစ်ဦးကျတာသေချာတယ်၊ ဒဏ်ရာရသူတွေလည်းတော်တော်များတယ်”လို့ ရွာငံမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားရဲ ၃ ဦးလည်းသေဆုံးတယ်လို့ သိရပေမယ့် သီးခြားအတည်မပြုနိုင်ပါ ဘူး။

စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရပြီးနောက် မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ-အောင်ပန်းလမ်းပိုင်းတလျှောက်ရှိ ခရီးသွားကားတွေကို ပိတ်ဆို့စစ်ဆေးပြီး ၃နာရီကြာအသွားအလာကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။

ညပိုင်းမှာတော့ စစ်ကောင်စီတပ် က ရွာငံ၊ပင်းတယရှိကျေးရွာတွေက ဒေသခံအမျိုးသားအချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရွာငံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးအင်အားစုတွေကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိပါတယ်။

ရွာငံမြို့စစ်ဆေးဂိတ်ကို ၂၀၂၂ ခုနှစ်က တွေ့မြင်ရစဉ်

ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး

ဆက်စပ်သတင်းများ

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်

သတင်း

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ သဲကျင်းပြိုကျမှုကြောင့် ပိတ်မိနေသူ ၃ ဦးအနက် ၂ ဦးသေဆုံးပြီး အမျိုးသား ၁ဦးကိုတော့ ဘဝတူ လုပ်သားတွေက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

တိုက်ခိုက်ခံရပြီးနောက်ခေတ္တပိတ်ထားရတဲ့ ကံတလူဂိတ် ပြန်ဖွင့်နေလို့ လင်းယုန်ညီနောင်အဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။