Connect with us

Hi, what are you looking for?

သတင်း

ရွာငံမြို့တွင် PDFနှင့် ဒေသခံများ၏ သတင်းများကို စစ်​ကောင်စီတပ်ထံတိုင်ကြားနေသည့် ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်း

ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုး စားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။

ရွာငံမြို့
ရွာငံမြို့

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် PDFနှင့် ဒေသခံများ၏ သတင်းများကို အကြမ်းဖက်စစ်​ကောင်စီတပ်ထံ အမြဲတိုင်ကြားနေသည့် ပျူစောထီးတစ်ဦး သေနတ်ဖြင့် ပတ်ခတ်ရှင်းလင်းခံလိုက်ရသည်။

ရွာငံမြို့ ပွေးနဖားကျေးရွာမှ ပျူစောထီးတင်မိုးဆိုသူအား ဇူလိုင် ၁၃ရက် ညတွင်ဒေသခံအချို့က နေအိမ်အတွင်းဝင်​ရောက်၍ သေနတ်ဖြင့်ပစ်သတ်သွားခဲ့ခြင်းဟု ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

“ရွာငံမှာ စစ်တပ်သတင်းပေးအချိို့၊ ပျုစောထီးအချို့ရှိတယ်။ အချို့က နှစ်ဘက်ခွထိုင်ပြီး ပါးပါးနပ်နပ်နေတာ။ တင်မိုးကတော့ တကယ့်ပျူစောထီး။ စစ်တပ်နဲ့ ပေါင်းပြီး ပြည်သူကို ရန်သူထင်နေတာ”ဟု ရွာငံမြို့ခံတစ်ဦးကပြောသည်။

တင်မိုးသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား စော်ကားသည့် စကားများ ရပ်ကွက်အတွင်း လိုက်လံပြောဆိုလေ့ရှိသူဟု ​ဒေသခံများက ပြောသည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအားကောင်းလာသောအခါ ကြောက်လန့်ပြီး သူ့၏ အိမ်ပတ်ချာလည်၌ CCTVများ တပ်ဆင်ထားသည်ဟု ပွေးနဖားကျေးရွာ ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” CCTV တပ်လည်း သူ့အဘတွေ(စစ်တပ်)က မကယ်နိုင်ဘူး။ လူငယ်တွေ(PDF)တွေက အာဏာရှင်တော်လှန် ရေးကို အကြောက်တရားနဲ့ လုပ်တာမဟုတ်ဘူးဆိုတာ တင်မိုး ကောင်းကောင်းသိသွားပြီ”ဟု ပွေးနဖားကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

တင်မိုးသည် ရွာငံမြိို့ နယ်အတွင်း တော်လှန်ရေးအင်အားစုပိုင်နေအိမ်အချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာ၌ ဦးဆောင်ပါဝင်ခဲ့ဖူးသည်ဟု သိရသည်။တင်မိုးအသတ်ခံရသည့်သတင်းကို ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲဲ့အချို့ထံ ဆက်သွယ်မေးမြန်းရာ ၎င်းတို့မသိရှိသေးဟု ဆိုသည်။

ရှမ်း​ပြည်နယ်တောင်ပိုင်းအခြေစိုက် ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သတင်းများ ထွက်ပေါ်နေသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်းတယနှင့်ရွာငံတွင် စစ်ကောင်စီဒေါက်တိုင်အကြီးစားများနှင့် ပျူစောထီးများ ပစ်မှတ်ထားသုတ်သင်ရှင်းလင်းခံနေရသည်။

ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုး စားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်းဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးအာကာလင်းလိုက်ပါလာသည့် စစ်ကောင်စီယာဥ်တန်းကိုလည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဇူလိုင် ၁၀ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။