Connect with us

Hi, what are you looking for?

သတင်း

ငဖဲမြို့နယ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်အထိနာဟု PRA ပြော

နိုဝင်ဘာ ၂ဝရက် ညနေ ၄ နာရီခန့်တွင် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PRAက ဆိုသည်။

(ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတိုက်ပွဲအတွင်း တွေ့ရသော လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)မှ ရဲဘော်များ။ ဓာတ်ပုံ - PRA-Magway)
(ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတိုက်ပွဲအတွင်း တွေ့ရသော လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)မှ ရဲဘော်များ။ ဓာတ်ပုံ - PRA-Magway)

ထားမြတ်/People’s Spring

တိုင်းစစ်ဌာနချုပ်ရှိရာမြို့သိမ်းတိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ် အမ်းမြို့နှင့်နယ်မြေချင်းဆက်စပ်နေသော မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် တိုက်ပွဲဖြစ်နေကြောင်း သတင်းရရှိသည်။

ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၀ရက်)က စစ်ကောင်စီတပ်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)က ယနေ့(နိုဝင်ဘာ ၂၁ရက်)တွင် သတင်းထုတ်ပြန်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်(AA)က ဆင်နွှဲနေပြီး လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည်။ အမ်းမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းအများပြားကို AAက သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင် နပခအား ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတိုက်ပွဲအတွင်း တွေ့ရသော လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)မှ ရဲဘော်များ။ ဓာတ်ပုံ - PRA-Magway)
(ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတိုက်ပွဲအတွင်း တွေ့ရသော လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)မှ ရဲဘော်များ။ ဓာတ်ပုံ – PRA-Magway)

လက်ရှိတိုက်ပွဲဖြစ်ပွားသော ငဖဲမြို့သည့် အမ်းမြို့နှင့် ရခိုင်ရိုးမခြားပြီး မိုင်(၈၀)ခန့်သာ ကွာဝေးသည်။

နိုဝင်ဘာ ၂ဝရက် ညနေ ၄ နာရီခန့်တွင် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PRAက ဆိုသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၉ဦး သေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း PRAက ထုတ်ပြန်သည်။

“လမ်းပိုင်းကိုလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ယာဉ်တန်းကနေ ကာပစ်ပြီး ကျန်နေတဲ့ စစ်ကောင်စိတပ်သား အင်အား ၄၀လောက်က တက်လာတဲ့အချိန်မှာ ကျနော်တို့ ခြုံခိုပြီးတော့ စောင့်နေတာ။ ၂၀ ဝန်းကျင်လောက်က သတ်ကွင်းထဲကို ဝင်လာတယ်ပေါ့”ဟု PRA-Magwayမှ စစ်ရေးတာဝန်ခံ နောင်သူရိန်က ပြောသည်။

မျက်မြင်အရ သေဆုံးသူများတွင် စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးတစ်ဦးပါဝင်သည်ဟု ၎င်းက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

(ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတိုက်ပွဲအတွင်း တွေ့ရသော လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)မှ ရဲဘော်များ။ ဓာတ်ပုံ - PRA-Magway)
(ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတိုက်ပွဲအတွင်း တွေ့ရသော လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)မှ ရဲဘော်များ။ ဓာတ်ပုံ – PRA-Magway)

အဆိုပါ စစ်ကြောင်းသည် မစခ(၉ဝ၅)လက်အောက်ခံတပ်များနှင့် ပေါ်တာဆွဲခံရသည့် သင်တန်းဆင်းတပ်ဖွဲ့ဝင်များပူးပေါင်းထားသည့်စစ်ကြောင်းဖြစ်သည်ဟု PRAက ဆိုသည်။

ပဒါန်း-အမ်းလမ်းပိုင်းထိန်းချုပ်ရေးသည် PRA-Magwayမှ ချမှတ်ထားသော စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ပြီး ထိုမှတဆင့် ကျယ်ပြန့်သောစစ်ဆင်ရေးများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၅ရက်ကလည်း ဂုတ်ကြီးရွာထိပ် ဘုံဘောလမ်းဆုံနှင့် မိုင်တိုင်(၁၁)ရှိ အမ်း-ပဒါန်း လမ်းပိုင်း လုံခြုံရေးယူထားသည့် စစ်ကောင်စီကင်းစခန်းကို PRA မကွေး၊ အရှိုချင်းကာကွယ်ရေးတပ်၊ မင်းဘူးခရိုင် အမှတ်(၂)တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက စစ်ကူနှင့် လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်မှုကြောင့် တော်လှန်ရေး ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု PRA မကွေးက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ တစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

သတင်း

နိုဝင်ဘာ၂၇ ရက်ကလည်း AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာသည့်အပေါ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယောတပ်တော်တာဝန်ရှိသူက ပြောသည်။

သတင်း

ယမန်နေ့ စခန်းသိမ်း တိုက်ပွဲများအတွင်း ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဘက်မှ ကျဆုံးမှုမရှိဟု သတင်းရရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

Facebook