Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုများရရှိထားဟု ချင်းညီနောင် အသိပေး

မင်းတပ်နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၃ရက်တွင် စစ်ဆင်ရေးဆောင်ရွက်နေကြောင်းချင်းညီနောင်က အသိပေးခဲ့သည်။

(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ - The Chin Journal)
(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ - The Chin Journal)

▪️မြို့သိမ်းစစ်ဆင်ရေးကို နိုင်ငံတဝန်းပြည်သူများ ဆက်လက်ဝိုင်းဝန်း ကူညီရန် နှိုးဆော်

ဟန်နွေ/People’s Spring

ချင်းညီနောင်နှင့်မဟာမိတ်များဆင်နွှဲနေသည့် ချင်းပြည်နယ် မင်းတပ်နှင့် ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း အောင်မြင်မှုများ ရရှိထားကြောင်း ချင်းညီနောင်တာဝန်ရှိသူက ယနေ့ (နိုဝင်ဘာ ၂၂ရက်)တွင် အသိပေးသည်။

ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေရှာဖွေမှုကို ယနေ့ (နိုဝင်ဘာ ၂၂ရက်)တွင် အွန်လိုင်းမှ ကျင်းပခဲ့ရာ ချင်းညီနောင်တာဝန်ရှိသူတစ်ဦးဖြစ်သည့် မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF Mindat) စစ်ဦးစီးချုပ် ကိုထန်းချွန်းဖေက မြို့သိမ်းစစ်ဆင်ရေး အောင်ပွဲ အကျဉ်းကို ပြောသည်။

မင်းတပ်နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၃ရက်တွင် စစ်ဆင်ရေးဆောင်ရွက်နေကြောင်းချင်းညီနောင်က အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ - The Chin Journal)
(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ – The Chin Journal)

” အဲဒီ အသိပေးတဲ့အချိန်က စပြီးတော့ ဆက်ပြီးတော့ တိုက်ပွဲဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်တဲ့အနေအထားမှာ အဲဒီအချိန်ကထက်ပိုတဲ့ အောင်မြင်မှုတွေ ကျနော်တို့ ရရှိထားပါတယ်။” ဟု ကိုထန်းချွန်းဖေက ပြောသည်။

တိုက်ပွဲသတင်းများ အချိန်နှင့်တပြေးညီ အသိမပေးနိုင်သည်ကို နားလည်ပေးကြရန် ၎င်းက မေတ္တာရပ်ခံသည်။

ထို့အပြင် ဘေးထွက်ဆိုးကျိုးအနည်းဆုံး ဖြစ်အောင် စီမံခန့်ခွဲနေ၍ တိုက်ပွဲသတင်းများ အချိန်နှင့်တပြေးညီမပေးနိုင်ခြင်းဖြစ်သည်ဟုရှင်းပြသည်။

နိုဝင်ဘာ ၂၁ရက် ညပိုင်းအထိ စစ်ကောင်စီတပ်က မင်းတပ်နှင့် ဖလမ်းမြို့ကို လေယာဉ် ပစ်ကူများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု CDF မင်းတပ် စစ်ဦးစီးချုပ်က ပြောသည်။

(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ - The Chin Journal)
(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ – The Chin Journal)

” အသက်ကို ဖက်နဲ့ထုပ်ပြီး ရှေ့တန်းမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ရဲဘော်တွေရှိတယ်။ တိုက်ပွဲဖြစ်တဲ့အားလျော်စွာ ကျဆုံးဆုံးရှုံးမှုလည်းရှိမယ်။ ဒဏ်ရာရလည်းရှိမယ်။ဒါတွေအတွက်လည်း ကျနော်တို့အများကြီးဆက်ပြီးတော့ တာဝန်ယူရမယ့်အပိုင်းတွေရှိပါတယ်။ ဒီအတွက်လည်း ဆေးဝါးကုသမှု အပိုင်းတွေမှာပဲ ဖြစ်ဖြစ် ပေါ့ ကျနော်တို့ ဆက်ပြီးတော့ ရန်ပုံငွေတွေလိုအပ်မှာဖြစ်ပါတယ်”ဟု စစ်ဦးစီးချုပ် ကိုထန်းချွန်းဖေက ပြောသည်။

ထို့ကြောင့် တနိုင်ငံလုံးရှိ ပြည်သူလူထုများအနေဖြင့် ယုံကြည်စွာဖြင့် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ပံ့ပိုးပေးကြရန် ၎င်းက မေတ္တာရပ်ခံသည်။

” ဘယ်လောက်ပဲ အခက်အခဲတွေဘယ်လောက်ပဲ စစ်ကောင်စီဘက်က ခုခံနေပါစေကျနော်တို့က လိုချင်တဲ့ ပန်းတိုင်ကိုရောက်အောင် ပြည်သူလူထုအတွက် အကာအကွယ်ပေးတဲ့တပ် ကျနော်တို့ ချင်းညီနောင်သည် ချင်းပြည်သူလူထုအပါအဝင် ပြည်သူလူထုအားလုံးက အားကိုးယုံကြည်လောက်တဲ့ အဆင့်အတန်းတစ်ခုမှာ ရပ်တည်နိုင်အောင် အလုပ်နဲ့တကွ သက်သေပြဖို့ ချီတက်နေတာဖြစ်ပါတယ်။ အားလုံးဆက်ပြီးတေ့ ဝိုင်းရံပံ့ပိုးကြပါ။ အောင်မြင်မှုတွေလည်း အတူတကွ ကျနော်တို့ အတူခံစားကြမယ်”ဟုလည်း ကိုထန်းချွန်းဖေက ပြောသည်။

(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ - The Chin Journal)
(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ – The Chin Journal)

ချင်းသတင်းရင်းမြစ်၏ ပြောပြချက်အရ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ကုန်း၏ ကာကင်းအချို့ကို ချင်းညီနောင်က သိမ်းပိုက်ရရှိထားသည်ဟု ဆိုသည်။

ထို့ပြင် မင်းတပ်မြို့၏ ထက်ဝက်ကျော်ကို ချင်းညီနောင် ပူးပေါင်းတပ်များကထိန်းချုပ်ထားနိုင်ကြောင်းလည်း သတင်းရင်းမြစ်က အသိပေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။