Connect with us

Hi, what are you looking for?

သတင်း

ပျူစောထီးနှင့် သွေးသောက်အဖွဲ့ခေါင်းဆောင် အဖြစ်လူသိများသောမင်းမင်း နေပြည်တော်တွင် အသတ်ခံရ

မင်းမင်းသည် NLD ပါတီဝင်များ၊PDF ရဲဘော်များနှင့် ၎င်းတို့နှင့်ဆက်နွယ်သူများကို သတ်ဖြတ်ရန် သွေးသောက်အဖွဲ့ ဖွဲ့စည်းမှုတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများအား အရေးယူအပြစ်ပေးရန် လည်း လူမှုကွန်ရက်တွင် အမြဲလှုံ့ဆော်နေသူလည်း ဖြစ်သည်။

ပျူစောထီးနှင့် သွေးသောက်အဖွဲ့ခေါင်းဆောင် အဖြစ်လူသိများသောမင်းမင်း နေပြည်တော်တွင် အသတ်ခံရ
ပျူစောထီးနှင့် သွေးသောက်အဖွဲ့ခေါင်းဆောင် အဖြစ်လူသိများသောမင်းမင်း နေပြည်တော်တွင် အသတ်ခံရ

ရဲခေါင်၊အိမ်သွင်/People’s Spring

ပျူစောထီးနှင့် သွေးသောက်အဖွဲ့ခေါင်းဆောင် အဖြစ်လူသိများသော မင်းမင်းကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့ရှိရာ နေပြည်တော်တွင် ရှင်းလင်းနိုင်ခဲ့ကြောင်း ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်၊မကွေးအရှေ့ခြမ်း တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၉ ရက်) နေ့လယ် ၁နာရီခန့်က နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ပျဥ်းမနား – တောင်ညိုလမ်းပိုင်းတစ်နေရာရှိ ကြက်ဝိုင်းကို ဆပ်ကြေးလာကောက်သည့် မင်းမင်းကို ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

“ရဲဘော်တွေက မင်းမင်းကို ပစ်လိုက်ချိန်မှာ သူ့တပည့်က ဓားနဲ့ဝင်ခုတ်တော့ အဲ့ကောင်ပါ ထပ် ပစ်လိုက်ရတာ နှစ်ကောင်လုံး သေသွားတယ်။ရဲဘော်တွေ ဘေးကင်းကင်းနဲ့ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းမင်းသည် လင်းယုန်ပရဟိတအဖွဲ့ အမည်ခံကာ သွေးသောက်အဖွဲ့အတွက် လက်နက်များ အလှူခံပေးခြင်း၊ မဘသနှင့် အမျိုးသားရေး လှုပ်ရှားမှုတွင် ပါဝင်မှုများ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ပျူစောထီးနှင့် သွေးသောက်အဖွဲ့ခေါင်းဆောင် မင်းမင်းကို စစ်ကောင်စီက သေနတ်ကိုင်ဆောင်ခွင့် ပြုထားသော်လည်း အခင်းဖြစ်ပွားချိန်တွင် ဓားရှည်များသာ ပါလာသည်ဟု ဆိုသည်။

“အရင်က သတင်းထောက်လှမ်းတိုင်းသူ့မှာ သေနတ် တွေပါလာတယ်။မနေ့ကတော သူ့အပိုင်ထဲဆိုတော့ ဓားရှည်ပဲယူလာတာ။သတင်းအရ ရဲဘော်နှစ်ဦးက အရဲစွန့်ပြီး ဝင်ရှင်းလင်းနိုင်ခဲ့တာ”ဟု ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်၊မကွေးအရှေ့ခြမ်း တာဝန်ရှိသူက ရှင်းပြသည်။

” အာဏာသိမ်းတော့ သူက မလေးရှားမှာ။ မလေးက မဘသအစွန်းရောက်တွေရဲ့ခေါင်းကိုင်။ နောက်ပိုင်းပြည်တွင်းပြန်လာပြီး ကိုယ်တိုင်ပျူခေါင်းဆောင်လုပ်တာ။နေပြည်တော်အထိ ပေါက်ရောက်တယ်”ဟု နေပြည်တော်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မင်းမင်းသည် အသက်(၄၀)ကျော်အရွယ်ရှိပြီး ၎င်းနှင့် မဘသအစွန်းရောက်များက သွေးသောက်အဖွဲ့ ဖွဲ့ထားကာ မကွေးတိုင်းနှင့် နေပြည်တော်နယ်စပ်ရှိ တော်လှန်ရေးအင်အားစုများ၊ မိသားစုဝင်များကို သတ်ဖြတ်မှုကျူးလွန်ခဲ့သူဟု နေပြည်တော်သတင်းရင်းမြစ်ကပြောသည်။ ထို့အပြင် တော်လှန်ရေးအင်အားစုများက ၂၀၂၃အတွင်း ဆုငွေထုတ်ဖူးခဲ့သည်ဟုသတင်းရရှိသည်။

မင်းမင်းသေဆုံးမှုနှင့်ပတ်သက်၍ “ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထဲမှာ ပါဝင်ဆောင်ရွက်ခဲ့သည့် အမျိုးသားရေးလှုပ်ရှားသူ ကိုမင်းမင်းကို ခေါင်းဖြတ် သတ်လိုက်ကြပြီ”ဟု စစ်ကောင်စီဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဖြန့်ဝေနေသည်။

မင်းမင်းသည် NLD ပါတီဝင်များ၊PDF ရဲဘော်များနှင့် ၎င်းတို့နှင့်ဆက်နွယ်သူများကို သတ်ဖြတ်ရန် သွေးသောက်အဖွဲ့ ဖွဲ့စည်းမှုတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများအား အရေးယူအပြစ်ပေးရန် လည်း လူမှုကွန်ရက်တွင် အမြဲလှုံ့ဆော်နေသူလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။