Connect with us

Hi, what are you looking for?

သတင်း

AAထိန်းချုပ်ထားသည့်တောင်ကုတ်မြို့အနီးရှိရွာကို စစ်ကောင်စီဗုံးကြဲ စစ်ဘေးရှောင်နှစ်ဦးသေဆုံး ၁၉ဦး ဒဏ်ရာရ

နိုဝင်ဘာ၂၇ ရက်ကလည်း AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

(စစ်​ကောင်စီတပ်ဗုံးကြဲ၍ ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-APM)
(စစ်​ကောင်စီတပ်ဗုံးကြဲ၍ ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-APM)

အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့်တောင်ကုတ်မြို့အနီးရှိ ​ကျေးရွာတရွာကို စစ်ကောင်စီကလေကြောင်းမှဗုံးကြဲ၍ စစ်ဘေးရှောင်နှစ်ဦးသေဆုံးပြီး ၁၉ဦး ဒဏ်ရာရရှိသွားကြောင်း ရခိုင်ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

တောင်ကုတ်မြို့နှင့် ၆ မိုင်ခန့်အကွာရှိ ခရိုင်ရွာကို စစ်ကောင်စီက ဒီဇင်ဘာလ ၁ရက်ည ၉နာရီခန့်တွင် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ဗုံးကြဲ၍ ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-APM)
(စစ်​ကောင်စီတပ်ဗုံးကြဲ၍ ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-APM)

“မြို့အနားမှာတိုက်ပွဲပြင်းထန်နေတော့ ရွာတွေဘက်မှာ စစ်​ရှောင်နေရတာကို စစ်တပ်ကသိသိကြီးနဲ့ လေကြောင်းကနေပစ်တာ။ သေတာ၊ ဒဏ်ရာရတာတွေက အရပ်သားတွေ၊ အမျိုးသမီးတွေလည်းပါပါတယ်။ တိုက်လေယာဉ်တွေ ဆက်ပျံနေတယ်” ဟု တောင်ကုတ်မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးငယ်အချို့အပါအဝင် ၁၉ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တောင်ကုတ်မြို့နယ်မှ စစ်ကောင်စီစခန်း၁၀ ခုကို တိုက်ခိုက်သိမ်းယူပြီးနောက် မြို့ကို ထိန်းချုပ်ထားသည်ဟု AAက နိုဝင်ဘာ ၂၉ ရက်သတင်းထုတ်ပြန်ထားသည်။ လက်ကျန်စခန်းသုံးခုဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) တပ်မဌာနချုပ်နှင့် ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုလည်းအသိ​ပေးထားသည်။

(စစ်​ကောင်စီတပ်ဗုံးကြဲ၍ ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-APM)
(စစ်​ကောင်စီတပ်ဗုံးကြဲ၍ ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-APM)

စစ်ကောင်စီလေ ကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများသည် မြို့ပေါ်တိုက်ပွဲများအတွင်း AAက မြို့ခံများကို ဘေးလွတ်ရာသို့ ပို့ဆောင်ထားသူများဖြစ်သည်။ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ်ကလည်း AAက တောင်ကုတ်မြို့ကို လေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၅၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်အချို့နှင့် ရခိုင်အခြေစိုက်သတင်းဌာနများက ဖော်ပြထားသည်။

စကခ (၅) တပ်မဌာနချုပ်နှင့် ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ပြင်ထန်းနေပြီး ပုသိမ်နှင့် မကွေးလေဆိပ်မှတက်သည့်လေ‌ယာဉ်များဖြင့်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၍ ပစ်ကူ​ပေးနေသည်။ ​လက်ကျန်တပ်ရင်းများ နှင့် ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ရန် AA ကိုးစစ်ဆင်​နေပြီးတိုက်ပွဲများပြင်းထန်​နေသည်။

၂၀၂၄ ဇန်ဝါရီမှ အောက်တိုဘာအထိ ၁၀လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ဦး သေဆုံးပြီး ရခိုင်ပြည်နယ်က ၁၅၉ ဦးဖြင့် အများဆုံးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာ၂၇ ရက်ကလည်း AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။